အပိုင်း(83)နှစ်ကိုယ့်တစ်စိတ် စိတ်ဝိဉာဉ်
သူနဲ့ဆက်ဆံတိုင်း သူမရဲ့မျက်နှာသေ သူမရဲ့ခံစားချက်မရှိတဲ့မျက်ဝန်းတွေနဲ့ သူမရဲ့မျက်နှာကိုဖျက်ဆီးခံလိုက်ရတာတောင်မှ သူ့ရဲ့အဝေးကိုမစွန့်ပစ်ရက်ခဲ့ပါဘူး မတွန်းထုတ်ရက်ခဲ့ပါဘူး
သူမကိုဖက်တွယ်ထားပြီး သူမရဲ့အရာအားလုံးကိုလျစ်လျူရှု့ထားခဲ့ရတာ သူလဲအရမ်းပင်ပန်းခဲ့ရပါတယ်
သူနဲ့အမြဲရှိနေခဲ့တဲ့သူမဟာ သူ့ခရီးသွားတဲ့အခါအမြဲပါတတ်တဲ့သူမဟာ သူဆက်ဆံတိုင်းငိုတတ်တဲ့သူမဟာ တနေ့တော့ သူ့ကိုထားကာထွက်သွားခဲ့တယ်တဲ့လား
သွေးတွေအပြည့်နဲ့သူမအခန်းဟာ ခြောက်ခြားစရာ မွန်းကျပ်လွန်းလှပါတယ် သလွန်ပေါ်အိပ်စက်နေသလိုသူမက တကယ်ကြီးသူ့ကိုထားသွားခဲ့တာတဲ့လား
လှပနေပေမဲ့ အသက်မရှိတော့တဲ့သူမကိုရင်ခွင်ထဲထည့်ရင်းတတွတ်တွတ်ရေရွတ်မိနေတဲ့သူဟာအရူးတပိုင်းလိုပါပဲ
သူ့ကိုရက်စက်ရဦးမှာလေ သူ့ကိုမုန်းတီးရဦးမှာ ရွံရှာရဦးမှာလေ သူ့ကိုအကြည့်စိမ်းတွေနဲ့စိုက်ကြည့်နာကျည်းနေရဦးမှာလေ သူ့ကိုသတ်ချင်စိတ်တွေတဖွားဖွားဖြစ်နေရဦးမှာလေ ဘာလို့များဒီလိုဆုံးဖြတ်လိုက်ရတာလဲ
နေပါဦး ထပါဦး ဟင့်အင်း အဲ့လိုမဖြစ်ရဘူး သေမယ်ဆိုရင်တောင် အတူတူသေကြမယ် ကိုယ့်ကိုစောင့်ပါဦး ကိုယ်မင်းနောက်လိုက်ခဲ့မယ်
ရွစ်......
သူ့ရဲ့ညာလက်ကောက်ဝတ်ကပူခနဲဖြစ်သွားပြီး သွေးတွေကသူမရဲ့အခန်းထဲနေရာအနှံ့ပျက်ဖျန်းသွားပါတယ် နံရံပေါ်ကျဆင်းသွားတဲ့သွေးတွေဟာ ပန်းချီကားချပ်အလားပါပဲ
သူရဲ့သွေးနဲ့သူမရဲ့သွေးတွေပေါင်းစည်းသွားခဲ့ပြီး အဲ့ဒါဟာလှပနေတယ်လို့တောင် သူထင်လိုက်မိပါတယ်
သူအားတင်းကာပြုံးလိုက်ပေမဲ့ မပြုံးတာကြာခဲ့ပြီမို့မဲ့ပြုံးများတောင်ဖြစ်နေမလားပဲ
သူတို့ပြန်မွေးဖွားလာခဲ့ရင် ဒီအဖြစ်တွေကိုပြန်လည်ပြင်ဆင်နိုင်မှာမလား ဟုတ်တယ်မလား
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...