44.အရင်ဘဝကလိုပဲ

3.1K 189 4
                                    

44. အရင်ဘဝကလိုပဲ

ဝိုလျန်း၏နှုတ်ခမ်းများကို လီဖေးဟုန်ကနမ်းစုပ်နေသည် ဝိုလျန်းကငြင်းပယ်နေသော်လည်း သူမ၏လက်များကိုလီဖေးဟုန်ကချုပ်ထားသောကြောင့် လှုပ်၍မရပေ သူမကြောက်ရွံ့ကာထိတ်လန့်လာ၏ သူမရဲ့စိတ်များကယောက်ယက်ခတ်ကာ ဆောက်တည်ရာမရတော့ပေ သူမတကယ်ကြီး ဒီခွေးကောင်နဲ့ပြန်ပါသွားတော့မှာလား
ငါ့ကိုတကယ်ကြီးပြန်မိသွားတာလား သူမထိတ်လန့်လွန်း၍မျက်ရည်များပါကျလာသည် သူမရဲ့စိတ်တွေခြောက်ခြားပြီး အရင်ဘဝကိုသူမကိုစော်ကားခဲ့အတင်းပြုမူခဲ့နှိပ်စက်ခဲ့တာတွေကိုပြန်မြင်လာရတော့ သူမ မတည်ငြိမ်နိုင်တော့ပါဘူး

သူမရဲ့မျက်ဆံတွေကဦးတည်ချက်မရှိရွှေ့လျားသွားနေကြပြီး လည်နေပါတယ် အရင်ဘဝကသူမရဲ့ရူးသွပ်လုလုအ‌ေြခအနေကိုပြန်ဆိုက်ရောက်သွားတယ်လို့ပဲပြောရပါတော့မယ်

"အ အာ့ မင်း မင်း ငါကိုယ်တော်ကိုအဆိပ်ခတ်လိုက်တာလား"

လီဖေးဟုန်က သူရဲ့အာရုံခုနှစ်ပါးထဲကိုအဆိပ်တွေပျံ့နှံ့နေတာကိုရုတ်တရက်ကြီးခံစားလိုက်ရပါတယ် သူအံ့ဩသွားပါတယ် အရင်ဘဝကသူမဟာအဆိပ်မသုံးတတ်တဲ့သူပါ အဆိပ်ကသူမရဲ့အားနည်းချက်ဖြစ်ခဲ့တာပါ အခုဘဝမှာအဆိပ်ကသူမရဲ့အားသာချက်ဖြစ်သွားပြီလား သူ သူမရဲ့မျက်နှာကိုငေးကြည့်မိသွားပါတယ် ဒီကောင်မလေး အများကြီးပြောင်းလဲသွားတာလား

ဟင့်အင်း မပြောင်းလဲနဲ့ ငါကိုယ်တော်ရဲ့လက်ထဲကနေမင်း‌ေလး ပုန်းလို့ရမှာမဟုတ်ဘူး လေးကိုထိန်းချုပ်နိုင်မဲ့နည်းလမ်းတွေမှအများကြီးပဲ

"မင်း ဘယ်လို ဟင့်အင်း မဟုတ်သေးဘူး ဘယ်တုန်းကငါ့ကိုအဆိပ်ခတ်လိုက်တာလဲ "

ဝိုလျန်းဆီကအ‌ဖြေထွက်မလာပါ သူမရဲ့မျက်ရည်နဲ့ရွှဲနေတဲ့မျက်နှာလေးကိုမြင်လိုက်တော့ သူသတိလက်လွတ်နဲ့သူမကိုလွတ်ပေးမိလိုက်ပါတယ်

"လျန်းအာ !!!"

ယူရီက ချန်ချင်းကိုပစ်လွတ်လိုက်ပြီး လီဖေးဟုန်ကိုဝင်တိုက်လိုက်ပါတယ် ဒါပေမဲ့ဘယ်နှစ်ကွက်မှမခံလိုက်ပဲရှုံးနိမ့်သွားလေသည် ပါးစပ်ထဲကသွေးတပွက်အန်ထွက်လာပြီး သူရဲ့အတွင်းကလီစာများကကြေမွသွားပြီဟုခံစားလိုက်ရသည်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now