7.လီဖေးအဖမ်းခံရခြင်း
ဒီနေ့ဝိုလျန်း ဘယ်မှမသွားဘူး
မသွားဘူးဆို သူမမှအပြင်ထွက်ချင်စိတ်မရှိတာလေ အဲ့တော့လီဖေးဖြစ်လာပြီးထဲက အိပ်လိုက်စားလိုက် စာဖတ်လိုက် လေ့ကျင့်လိုက် လမ်းလျောက်လိုက်နဲ့သာသာယာယာသိပ်ဖြစ်နေတာ
ချန်းလေးတယောက်သာ သူ့သခင်မကို တစိမ့်စိမ့်ကြည့်နေရတာ ဟုတ်တယ်လေ သူ့သခင်မငြိမ်နေရင် သိပ်အခြေအနေမကောင်းဘူး တစုံတခုကြီးမားတာဖြစ်ရင်ဖြစ် ဒါမှမဟုတ်ဆိုးဝါးတာတခုခုဖြစ်တတ်တဲ့ အကျင့်ရှိတယ် အာ့လိုမှမဟုတ်ရင်တော့ စိတ်တိုနေတာမျိုး စိတ်ကောက်နေတာမျိုး အခုလဲ ဘာကြံစည်နေပြန်ပီလဲမသိဘူး နဲနဲပါးပါးတီးခေါက်ကြည့်ရမယ်"သခင်မလေး"
"ဟမ်"အခါးရည်သောက်ရင်း စာအုပ်ဖတ်နေတဲ့ ဝိုးလျန်းကပြောလိုက်တယ် အတန်ကြာသည်အထိ အသံထပ်မထွက်လာတော့ စိတ်မရှည်စွာနဲ့ပဲ
"ဘာလဲ ေြပာလေ"
"သခင်မလေးငြိမ်နေသလားလို့ ဘာစိတ်မကောင်းစရာရှိလို့လဲ တခုခုအလိုမကျလို့လား "
"နင့်သခင် ယူရီရော အခြေအနေဘယ်လိုလဲ "အာ...မေးတာနဲ့ဖြေတာတခြားစီပါလားသခင်မလေးရယ် ဝမ်ရယ်
လီယူရီကဘာလုပ်နေမှာလဲ သူ့အလုပ်နဲ့သူမအားလပ်ပဲနေမှာပေါ့ သခင်မလေးအလိုမကျတာ ဝမရယ်မလာလို့များလား"ဟို နန်းတော်နဲ့အဆောင်ကူးနေပါတယ် သခင်မလေး "
"ကောင်းသားပဲ....ဒီကိုတသက်လုံးမလာရင် ပိုတောင်ကောင်းသေးတယ်"သေချာလေပြီ ...သခင်မလေးဟာ ဒီရက်ပိုင်းဝမ်ရယ်ကိုမျော်နေရှာလို့သာ ဒီလောက်ငြိမ်နေရှာတာနေမှာ
မျော်ရင်းမလာ မလာနဲ့ဆိုတော့စိတ်တိုလာမှာပေါ့ လီဖေးဘဝဟာ အရာအားလုံးပြည့်စုံနေပေမဲ့ အထီးကျန်ရတာတော့ဆိုးတယ်"ဘာလဲ ကိုယ့်ကိုလွမ်းနေပြီလား "
"ရှင်ဘယ်သူလဲ ကျွန်မကိုသိလို့လား"
"အာ"ဟော ပြောရင်းရောက်ချလာပြီ မြန်မြန်လေးဝမ်ရယ်ရေ ဒီမှာအခြေအနေမကောင်းဘူး
မိုးထိုးနေတဲ့အရပ်နဲ့ မိုးပြာရောင်နန်းဝတ်စုံလေးနဲ့ ယပ်တောင်လေးခပ်လို့ အပြုံးချိုချိုနဲ့ဝင်လာတဲ့ဝမ်ရယ်ဟာ မုန်တိုင်းအငွေ့အသက်ကို အာရုံခံမိသွားသည့်တပြိုင်နက်
ကျောပေးထားတဲ့သူမဆီကနေ ချန်းလေးဘက်လှည့်ပီး ဘာလဲဆိုတဲ့ပုံနဲ့မျက်လုံးမြင့်ပြလိုက်တယ် ချန်းလေးကလဲ လက်ညိုးကွေးကာပြလိုက်တယ် ဒါသူ့သခင်မလေးစိတ်ကောက်နေတယ်ပေါ့ ယူရီခေါင်းညိတ်ပြပြီး လက်ခါပြလိုက်တယ် (ချန်းလေးကိုထွက်သွားခိုင်းလိုက်တာနော်)
သူ့ရစ်စိန်မလေးကိုချော့ရတော့မယ်လေ
DU LIEST GERADE
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...