6.သူတော်စင်အလင်းကုသသူ သူတော်စင်အလင်းကုသသူ

10.6K 725 7
                                    

ဝိုလျန်း​ဘေးမှာနှာမှုတ်​​နေတဲ့ယူရီ...မှုတ်​ဆို..မ​နေ့ကအ​ကြောင်းအရာကိုစိတ်​တိုလို့​ကောင်း​နေတုန်း​လေ..ဝိုလျန်းကလဲမသိ​ယောင်​​ဆောင်​ပြီး..​ရေ​နွေးကိုသာသဲကြီးမဲကြီး​သောက်​​နေရှာတယ်​..ချန်း​လေးက​တော့..သူသခင်​နှစ်​​ယောက်​ဖြစ်​ပျက်​ပုံကိုကြည့်​ပြီး..ငိုရမလိုရယ်​ရမလို..ဟုတ်​တယ်​​လေ...အရှင့်​ကို​ဆော်​တာ..သခင်​မ​လေး​လေ..ဘာ​ကြောင့်​ငါကကြားထဲကဓားစားခံဖြစ်​ရတာလဲ..ခု​တော့..ကြမ်းပြင်​​ပေါ်ဒူး​ထောက်​​နေရတဲ့ငါ့ရဲ့ဒူး​လေး​တွေကိုအားနာစရာ..

"အဟမ်း...."
"ဘာလဲ...."
"မင်းဘာ​ကြောင့်​ကိုယ့်​ကိုထုရက်​တာလဲ..​ပြော.."
"ရှင်​နှာဘူးထလို့​လေ..."
"​ပြောပြီးသား​လေ..ကိုယ့်​မိန်းမကိုထတာပဲဘာဖြစ်​လဲ..မင်းဂုဏ်​​တောင်​ယူသင့်​တယ်​..."
"ကျွန်​မက??ဘာလို့...??"
"မသိဘူး​ပြော..ဘာလို့ထုရက်​တာလဲ..."

ဝိုလျန်းထပ်​မ​ဖြေ​တော့..ဟုတ်​တယ်​..ဒီ​မေးခွန်းပဲ​ဝေ့လည်​ပြီး​မေး​နေတယ်​...ဒါပဲ​ဖြေရတာစိတ်​မရှည်​​တော့ဘူး..မ​နေ့က..​ရေချိုးပြီးထွက်​လာ​တော့..​သွေး​တွေနဲ့သတိလစ်​​နေတဲ့..ယူရီ​ကြောင့်​..သူမ..သူ​တော်​စင်​အလင်းနဲ့ကုသခဲ့ရတာ...​တော်​​သေးတာ​ပေါ့..သူမဟာ..ကုသသူုဖစ်​​နေလို့..​သွေး​တွေစွန်း​နေတဲ့အိပ်​ယာခင်းကိုလဲခိုင်းလိုက်​တာ..ချန်း​လေးပါ​မေ့သွားလို့မနဲနှာနှပ်​ယူရတယ်​..အိပ်​ယာခင်း​ပေါ်စွန်း​နေတဲ့​သွေး​တွေကိုအပျိုစင်​​သွေး​တွေလို့ထင်​​နေတာကိုး..လူကိုတအံတသြမျက်​လုံးပြူးကြီးနဲ့လဲကြည့်​လိုက်​​သေး..ဟိုတ​ယောက်​က..ကုတင်​​ပေါ်ပက်​လက်​ ..သူ့သခင်​မက​တော့လမ်း​လျောက်​ပြီးခိုင်း​နေ​နိုင်​​သေးတယ်​ဆို​တော့..ချန်း​လေး​တော်​​တော်​ကို​ရှော့ရသွားတဲ့ပုံ...ဟဲ့..ငါအဲ့​လောက်​မသန်​မာပါဘူး​နော်​..

"ခွီး...."

ခွီခနဲထရယ်​တဲ့ချန်း​လေး​ကြောင့်​....ယူရီရဲ့​ဒေါသမျက်​ဝန်းက..ချန်း​လေးဆီဒိုင်းခနဲ​ရောက်​သွား​လေပြီ..

"ဘာလဲ...ဘာလဲ..ရှင်​က..ကျွန်​မကိုယ်​စားချန်း​လေးကိုအပြစ်​​ပေးထားပြီး..ခု..သတ်​​တော့မလို့လား..အဲ့​လောက်​ထိကျွန်​မကိုအမြင်​ကပ်​​နေလား​ပြော.."
"အမ်​...ကိုယ်​ဘာလုပ်​မိလို့လဲ..."
"ခုပဲ..ချန်း​လေးကိုစားမလိုဝါးမလိုနဲ့ကြည့်​​နေတာ​လေ.."
"အာ..ကိုယ်​..ကိုယ်​.."
"​တော်​ပြီ..ဘာမှမ​ပြောနဲ့..ချန်း​လေးထ...နင့်​ကို​နောက်​ထပ်​အပြစ်​​ပေးရဲရင်​ငါနဲ့အရင်​​တွေ့မယ်​..."

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now