.26.စိတ်အတူကိုယ်အတူ စိတ္အတူကိုယ္အတူ

5.7K 420 6
                                    

ဘာကြောင့်များ သူ့လီဖေးရဲ့ခါးကအရမ်းသေးနေပါလိမ့်လို့တွေနေတဲ့ ယူရီတယောက် သူ့လီဖေးပြောလိုက်တဲ့စကားကြောင့် ရုတ်တရက်ကြီးကြောင်အသွားပြီးတော့ ရင်တွေအရမ်းခုန်လာခဲ့တယ်

ဒုန်း ဒုန်း ဒုန်း
ဒုန်းဒုန်း ဒုန်းဒုန်း

အိုး သူ့ရင်တွေခုန်နေတယ် ပြီးတော့အဲ့လိုခုန်‌ေနတာကလဲအရမ်းမြန်မြန်ကြီးလေ ပြီးတော့ သူ့လီဖေးကလေ သူ့ကိုချစ်နေတယ် ပြီးတော့လဲအချိန်အကြာကြီးထဲကတဲ့

အဲ့ဒီအချိန်မှလီယူရီကမ္ဘာထဲပန်းရောင်စုံလေးတွေပွင့်သွားပြီးတော့ ကောင်းကင်ကြီးတောင်ပြုံးသွားသလိုပဲ အိုး‌လှလိုက်တဲ့လောက သူအရမ်းကိုပြုံ‌းပျော်သွားရပြီလေ သူလီဖေးခါးကိုတင်းတင်းဖက်လိုက်ပြီးတော့ ရင်တုန်ပန်းတုန်းနဲ့မေးလိုက်မိတယ်

"လျန်း ...လျန်းအာ ဒါ ဒါအိမ်မက်လား "

သူအဲ့လိုပြောလိုက်တော့ သူ့လီဖေးဆီကရယ်သံချိုချိုလေးထွက်လာပြန်တယ်

"လက်တွေ့ဟုတ်မဟုတ် စမ်းကြည့်ကြစို့လေ"

လက်တွေ့ဟုတ်မဟုတ်စမ်းမယ် အဲ့ဒါကဘာသဘောကြီးလဲ မဟုတ်မှ မဟုတ်မှ အဲ

"ခစ်ခစ်ခစ် ဘာတွေတွေးလို့မျက်နှာကြီးနီပြီးပါးတွေပူလာတာလဲ ပြောကြည့်ပါဦး အချစ်ရဲ့ "

သူ့မျက်နှာကို သူမလက်သေးသေးလေးနှစ်ဖက်နဲ့ပင့်ထားပြီးတော့ပြောနေတဲ့ပုံလေးကအရမ်းကိုချစ်ဖို့ကောင်းတာပဲ
(ယူရီ ရှင်ဆေးမမှီတော့ဘူး သိလား)

လီဖေးက သူမလက်ကိုပါးစပ်ထဲကိုက်ကာ

"ယူရီ ရှင်အရမ်းစိတ်ထက်သန်နေတော့လဲ ဒီကလီဖေးကမငြင်းရက်ပါဘူးရှင်"

ဒီနေ့ သူ့လီဖေးကအရမ်းကိုချိုသာနေသောအခါ သူ့မှာ တခါပြီးတခါအံ့ဩလိုက် ဝမ်းသာလိုက် အဆမတန်ရင်ခုန်လာလိုက်ဖြင့် သူဒီနေ့ပြီးရင်သေတော့မှာလားလို့တောင်ထင်နေမိပြီ

လီဖေးက သူ့နှုတ်ခမ်းနှစ်လွှာကို သူမနှုတ်ခမ်းအိအိလေးများဖြင့် ဦးဆောင်ကာနမ်းနေပေပြီ ယူရီမှာထိုအထိအတွေ့ကြောင့်ရူးပြီဟုထင်လိုက်မိစဉ်မှာပဲ သူမက သူမရဲ့လျှာလေးကသူ့ရဲ့လျှာလေးကိုထိုးဆွနှင့်နေပြီ အဲ့ဒီအပြုအမူကပဲ သူစိတ်တွေကိုရုတ်ချည်းတောက်လောင်သွားစေ၏ ရုတ်တရက်သူအသိစိတ်လွတ်ထွက်သွားပြီးသူမကိုပြန်ကာနမ်းလိုက်လေသည် ဒီအနမ်းဟာရမက်တွေကိုအစပျိုးတဲ့အနမ်းဆိုတာသိနေပေမဲ့လဲ သူမရပ်တန့်တော့ပါ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now