38. မကုသနိုင်တော့ဘူးနောက်တနေ့ရောက်တော့ ဝိုလျန်းက ယူရီရဲ့ရင်ခွင်ထဲကနေအိပ်ေရးမဝစွာနဲ့နိုးလာခဲ့တယ် သူမမျက်လုံးကိုဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့နေတောင်ထွက်နေပြီ မနေ့ညတုန်းကယူရီရဲ့သောင်းကျန်းမူ့ေကြာင့်ညတော်တော်မိုးချုပ်မှအိပ်ခဲ့ရတယ် ဒါကြောင့်စောစောမနိုးနိုင်တော့တာ သူရဲ့ရှည်လျားလှတဲ့အရာနဲ့သူရဲ့ကြမ်းတမ်းမူ့တွေကိုသူမသတိရသွားပြီးမျက်စောင်းနဲ့ယူရီကိုကြည့်လိုက်မိတော့ မျက်တောင်ခပ်စိပ်စိပ်လေးတွေဟာပိတ်ထားပြီးအပြစ်ကင်းတဲ့မျက်နှာလေးနဲ့အိပ်နေတာလေးကအရမ်းကိုချစ်ဖို့ကောင်းနေတာကြောင့် သူမအကြည့်တွေကရုတ်ချည်းနူးညံ့သွားခဲ့တယ် အရမ်းကိုဆိုးပြီးသောင်းကျန်းနိုင်လွန်းတဲ့သူရဲ့ပါးကိုအသာလေးနမ်းပြီး နှာခေါင်းလေးကိုညှစ်လိုက်ကာ
"ယူရီ ယူရီ ထတော့လေ "
"............"
"ယူရီ ကျွန်မတယောက်ထဲသွားရမှာလား "
"............"သူမဘယ်လောက်ကြိုးစားပြီးနိုးတာတောင်အင်းအဲအသံကလွဲပြီးမကြားရဘူး နောက်တော့သူမလက်ေလျာ့လိုက်ေတာ့တယ် တီးတိုးလေးသက်ပြင်းချလိုက်ပြီး ထလိုက်ကာရေချိုးဆောင်ဆီကိုသာသွားလိုက်တော့တယ် သောင်းကျန်းထားတဲ့တယောက်သောသူကေတာ့အအိပ်မက်လွန်းနေတယ်လေ ပြောမရဘူး အိမ်မက်ထဲထိတောင်သောင်းကျန်းရင်သောင်းကျန်းနေဦးမှာ ဟွန့်
ရေချိုးပြီးလို့လန်းသွားတော့ သူမဝတ်ရုံအပါးလေးကိုချုံလိုက်ကာ မှန်ရှေ့ထိုင်ချလိုက်ပြီးလိမ်းကျံမလို့လုပ်တုန်း သူမရဲ့ကိုယ်ပေါ်ကအနီအကွက်လေးများစွာနဲ့အပြာအကွက်လေးတွေကိုတွေ့လိုက်တော့ ရှက်လွန်းလို့မျက်နှာလေးကနီရဲလာတော့တယ် တဆက်ထဲသူမရဲ့အစားသောင်းကျန်းတတ်သူလေးက ဘယ်လောက်တောင်သောင်းကျန်းတတ်သလဲဆိုတာပြန်မြင်လာတော့ သူမပင့်သက်ရှိုက်လိုက်ရတော့တယ် သူအရမ်းဆိုးတာပဲ
ဝိုလျန်းကမျက်နှာကို လိမ်းကျံရင်းတွေးနေတုန်း ယူရီနိုးလာခဲ့တယ် ရေချိုးဆောင်နားရောက်လာကာ တံခါးပေါက်နားမှာမှီထားပြီး လက်ပိုက်ကာ သူလီဖေးလေးရဲ့နောက်ပိုင်းအလှတွေကိုရှူ့စားလို့နေလေတယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...