အပိုင်း(67) ယုတ်မာတယ်
အားစုက ဆံပင်နီနီ သွယ်သွယ်လျလျလေးနဲ့လှပတဲ့မိန်းမပျိုလေးဖြစ်ပြီး ထူးဆန်းနေတာဆိုလို့ မှိုပွင့်လေးတွေလိုဝိုင်းစက်တဲ့မျက်ဝန်းတစုံဟာ အနီရောင်လေးဖြစ်တာလေးပါပဲ
အားတျဲ့ကတော့ နားရွက်နားမှာရေယက်ကလေးပါတဲ့ ဆံပင်အပြာရောင် မျက်ဆံအပြာရောင်လေးနဲ့ကောင်လေးတယောက်ဖြစ်ကာချောမောခန့်ညားနေပါတယ်
ဒါပေမဲ့ သူတို့တယောက်နဲ့တယောက်တွေ့လိုက်တဲ့အချိန်မှာပဲ စတင်ရန်ဖြစ်ကြပါတော့တယ်
ဝိုလျန်းနဲ့ယူရီကတော့ သလွန်ပေါ်မှာထိုင်နေကြကာ ယူရီက ဝိုလျန်းဗိုက်ချပ်ချပ်လေးပေါ်မှာသာ အာရုံရနေပါတယ် ဝိုလျန်းက ကလေးနှစ်ကောင်ကြားကတိုက်ပွဲကိုကြည့်ဖို့အဆင့်သင့်ဖြစ်ကာတက်ကြွနေပါပြီ သူမဝေဒနာတွေလဲသက်သာသွားပြီဖြစ်သလို သူမကလေးလေးလဲစိတ်ချရသလိုရှိပြီမို့ သူမအနဲငယ်အနားယူရင်းကြည့်နေတာပါ
"အားးးးး နင်ကမိန်းကလေးလား အားစု"
"ဟမ် နင်ကယောကျာ်းလေးဆိုတိုင်း ငါကယောကျာ်းလေးဖြစ်ရမှာလား ဟွန့် မိန်းကလေးဖြစ်ရတာအရမ်းကောင်းတာနင်တို့ယောကျာ်းလေးတွေဘယ်တော့မှသိမှာမဟုတ်ဘူး "
"ဟဟ ယောကျာ်းလေးဖြစ်တာကောင်းတယ်ဆိုတာလဲ နင်ဒီတသက်သိမှာမဟုတ်ဘူး "
"ဘယ်သူကယောကျာ်းလေးဖြစ်ချင်နေလို့လဲ အိမ်မက်သာမက်နေလိုက် "
"နင့်လိုမိန်းကလေးရော ငါကဖြစ်ချင်နေတယ်လို့ထင်နေတာလား ရယ်ချင်တယ်"
"မိန်းကလေးဖြစ်တော့ဘာဖြစ်လဲ နင်မကြောက်တတ်ရင်လာလေ ချမလား နိုင်တဲ့သူခိုင်းတာကိုရှုံးတဲ့သူကလုပ်ကြေး ဘယ်လိုလဲ"ရန်ဖြစ်နေကြတဲ့နှစ်ယောက်ကိုကြည့်ရင်း ဝိုလျန်းပြုံးမိသွားပါတယ် သူမတကယ်ကိုအခုလိုအချိန်အခါကိုသဘောကျမိပါတယ်
ဒါပေမဲ့ လီဖေးဟုန်ကိုတော့ခွင့်လွတ်လို့မရတော့ ဘူးလေ သူမအသက်ကိုရန်ရှာတာထားဦး ကလေးလေးရဲ့အသက်ကိုပါရန်ရှာလာတာကတော့အရမ်းများနေပါပြီ ဘယ်လိုမှသည်းမခံနိုင်တဲ့ကိစ္စပါပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...