လျို့ဝှက်သောကြင်ယာတော်
အပိုင်း(81) ကယ်တင်ရှင်ေတွတပြုံတမကြီးပါလား
ဝိုလျန်း ဓားဝင့်ကာအလစ်တိုက်ခိုက်လိုက်သော်လည်း လီဖေးဟုန်ကအရှောင်ကောင်းသူဖြစ်တယ် သူ့မျက်လုံးစွန်းနားမှာရိပ်ခနဲတွေ့လိုက်တာနဲ့ရှောင်ပြီးသားပဲ
ပထမကသူတန်ပြန်တိုက်ခိုက်လို့မလို့ပဲ ဒါပေမဲ့ ဝိုလျန်းရဲ့မျက်နှာလှလှလေးကိုတွေ့လိုက်တော့ တွေဝေလို့သွားလေတယ်
ဝိုလျန်းကလဲ အဲ့ဒီအခွင့်အရေးကိုအမိအရအသုံးချပြီး ရင်ဘတ်တဆုံးဓားနဲ့ထိုးသွင်းလိုက်လေတယ်
လီဖေးဟုန်ရဲ့မျက်နှာထက်မှာအံ့ဩရိပ်လေးဖြစ်ပေါ်လာပေမဲ့ ခနလေးပဲ
သူ့ကိုမလှန်ဝံ့ခဲ့တဲ့မိန်းကလေးက အခုသူ့ကိုသတ်ချင်နေပြီတဲ့လေ ဟဟ ဘယ်လောက်တောင်ကြောက်ဖို့ကောင်လိုက်လဲ
ဒါတွေအားလုံးက ဟိုကောင် လီယူရီကြောင့်ပဲ လီယူရီသာ ငါ့ရဲ့ရှောင်လျန်းအာလေးကိုအပိုင်မသိမ်းခဲ့ဘူးဆိုရင် အခုလောက်ဆိုငါ့ရင်ခွင်ထဲမှာအိပ်စက်နေလောက်ပြီ
အတွေးရိုင်းများနဲ့လီဖေးဟုန်တယောက် ရက်စက်ချင်တဲ့စိတ်တွေတဟုန်ထိုးထကြွလာကာ လီယူရီဘက်ကို လှည့်လိုက်တယ်
"အဲ့ဒါတေွအားလုံးကိုမင်းတာဝန်ယူရလိမ့်မယ်တူတော်လေး"
မင်းက သူမပြောင်းလဲခဲ့တာရဲ့အဓိကတရားခံမို့
မင်းက သူမအချစ်တွေရရှိခဲ့တဲ့ တယောက်သောသူမို့
မင်းကိုပဲသူမသစ္စာရှိစွာချစ်တော့မှာမို့
မင်းသေမှရမယ် မင်းကျိန်းသေပေါက်သေရမယ် လောကကြီးမှာပျောက်ကွယ်သွားရမယ် ရှောင်လျန်းအာဘေးမှာ မင်းမရှိမှရမယ် အဲ့ဒါမှသူမငါ့ဘေးပြန်ရောက်လာမှာလေ
သူမက ငါ့အပိုင်
သူမငါ့ကိုပဲချစ်ရမယ်
သူမကိုငါပဲပိုင်ဆိုင်ရမယ်
အဲ့ဒီတော့ မင်းသေရမယ် တူတော်လေးယူရီ
သူရဲ့အစွမ်းအထက်ဆုံးသိုင်းကွက်ကိုဖော်ထုတ်ပြီး ရှေ့ကိုတရှိန်ထိုးခုန်လိုက်ကာ သူရဲ့လက်ဝါးနဲ့ရိုက်လိုက်လေတော့တယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...