16.အရိုးဟင်းတခွက်
"တကယ်တော့လေ ရေတိုင်းပြည်ကိုသွားလည်ချင်လို့ မုန့်လုံးလေး အဲ ရေဘုရင်ကလဲလိုက်စေချင်နေတယ် ယဲ့ဖိုးဖိုးကိုလဲတွေ့ချင်တယ် ပြီးတော့ စိုက်ထားတဲ့အပင်လေးကအသီးတွေကိုလဲပြန်သွားခူးချင်တယ်လေ အဲ့တာယန်အသီးလို့ခေါ်တယ် သိလား ကျင့်ကြံသူတွေအတွက်ကအရမ်းကောင်းတယ် အဆင့်တက်လွယ်တယ် ဒါပေမဲ့နှမြောစရာကောင်းတာက ကောင်းကင်အဆင့်အတွက်ကအသုံးမဝင်တာပဲ သွားချင်တယ်နော် နော်လို့ ဘယ်လိုသဘောရလဲသွားမယ်မဟုတ်လားဟင် အဲ ဒါမှမဟုတ်လဲ ယူရီနေခဲ့ချင်လဲရတယ်နော် ကျွန်မပဲသွားလိုက်မယ် အဖော်တွေလဲပါတာပဲကို ပြီးတော့ကျွန်မကိုလဲဘယ်သူမှအနိုင်မကျင့်ရဲကြပါဘူး မုန့်လုံးလေးလဲပါတာပဲကို နော် "
သူမမှာသူနားဝင်အောင်လဲရှင်းပြရသေးသည် သူ့မျက်နှာအခြေအနေကိုလဲတချက်တချက်ချောင်းရသေးသည် မျက်နှာမာငါဒီလိုပဲဆိုပြီးရေးမထားပေမဲ့ သူမကအနဲအကျဉ်းတော့သဘောပေါက်သည် ကြည့်ရတာ အခြေအနေကမဟန် ဒါပေမဲ့ အနုနည်းမရရင် အကြမ်းနည်း အကြမ်းနည်းမရရင် ခိုးထွက်ပြီးသွားဖို့အစီအစဉ်ရှိတာကြောင့် သိပ်ပြီးမတွေးမိပေ (လူဆိုးလေးပါနော် လီဖေးက)
လီယူရီကတော့သေချာတွေးနေသည် သူခုနကခံစားချက်သိပ်မကောင်းတာမဆန်းတော့ပါဘူး လီဖေးတခုခုလုပ်မယ်ဆိုတိုင်း ဒီလိုခံစားချက်ကဖြစ်နေကြပဲဟာ သူ့လီဖေးက အပြင်ထွက်ရင်မွှေလိုက်ရမှပြီးတာ သူ့မာမိန်းမယူထားတာလားကလေးထိန်းနေရတာလား သိပ်မသဲကွဲဘူးနောက်ကကိုယ်ရံတော်တွေတိတ်တဆိတ်လွတ်ထားရတာပဲကြည့်
ဒါပေမဲ့ ရေတိုင်းပြည်ကိုသွားလည်ဖို့ဆိုတာကတော့ နဲနဲကွဲပြားသွားပြီ လမ်းခရီးမှာ ကြုံရမာတွေနဲ့စာရင် သူ့လီဖေးရဲ့စိတ်ဓာတ်ကိုအနဲငယ်ကြည့်လို့ရမယ်
အရည်အချင်းလဲမြင်ရမယ်သူ့လီဖေးဆိုတာဘယ်လိုလူမျိုးလဲ
လျို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့သူလေ သူ့လီဖေးနောက်ကြောင်းကို
စုံစမ်းကြည့်ပေမဲ့လဲဘာမှထွက်မလာခဲ့
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...