45. သူမနိုးလာပြီ
"မလုပ်နဲ့ ......"
ယူရီနဲ့ လီဖေးဟုန်နှစ်ယောက်ပြိုင်တူအော်လိုက်ကြပြီး စိုးရိမ်တကြီးနဲ့ဝိုလျန်းနားကို အတတ်နိုင်ဆုံးမြန်မြန်ပျံသန်းသွားလိုက်ကြတယ်
မလုပ်ပါနဲ့ ကိုယ့်နားကနေမထွက်သွားပါနဲ့ ကိုယ်နဲ့အတူနေပါ ကိုယ်ရင်ထဲကနေခွဲမသွားပါနဲ့
လီယူရီ နာကျင်စွာအော်ဟစ်မိနေပေမဲ့လဲ စကားလုံးတွေကအပြင်ကိုထွက်ကိုထွက်ကျမလာဘူး သူရဲ့လီဖေးနားကိုအမြန်ဆုံးရောက်ချင်နေခါမှ အရာရာကနှေးကွေးသွားခဲ့သလိုပါပဲ သူအရမ်းကြီးနောင်တရသွားမိတယ် သူသာအိပ်ချင်ယောင်မဆောင်နေခဲ့ရင် တမျိုးတဖုံတော့ပြောင်းလဲသွားမှာပဲ မဟုတ်ဘူးလား
အဲ့ဒီအချိန်မှာပဲ ဝိုလျန်းရဲ့နဖူးပေါ်မှာရုတ်ရက်ကြီးပန်းနက်အမှတ်အသားပေါ်လာခဲ့ပြီး အဲ့ဒီထဲကနေ နဂါးတကောင်ကလှပစွာထွက်ပေါ်လာခဲ့တယ်
အဲ့နဂါးလေးက ဝိုလျန်းရဲ့လည်ပင်းပေါ်ခုတ်ချလိုက်တဲ့မင်ရှန့်ဟွားကို ရပ်တန့်စေလိုက်ပြီး သူရဲ့ခံတွင်းကနေအဖြူရောင်အငွေ့လေးတွေကိုထုတ်လွတ်လိုက်တော့ ဝိုလျန်းတယောက်ပျော့ခွေကျလာပြီးသတိမေ့သွားလေတော့တယ်
ယူရီက ဝိုလျန်းကိုပွေ့ထားလိုက်ပြီး သူမရဲ့မျက်ရည်ရွဲနေတဲ့ပါးပြင်တွေကို တယုတလေးသုတ်ပေးနေလေတယ် သူ့ပါးစပ်ကလဲ တော်ပါသေးတယ် ဆိုတဲ့စကားလုံးကို ဂါထာရွတ်နေသလိုမျိုးရွတ်ဆိုနေလေရဲ့ သူလဲအသံတိတ်ငိုကြွေးနေပြီး ပူလောင်နေတဲ့ပုံစံက တယောက်ယောက်တွေ့သွားရင် ဒါငါတို့ရဲ့ဝမ်ရည်ဟုတ်ပါ့မလားလို့တောင်သံသယဝင်လောက်တယ်
နဂါးလေးက လီဖေးဟုန်နဲ့ရင်ဆိုင်တွေ့လိုက်ပြီး သူတို့တိုက်ခိုက်ကြတယ် သူတို့တိုက်ခိုက်တာပြင်းထန်လွန်းလို့ သစ်ပင်တွေလဲပြိုပြီး နေရာတိုင်းမှာလဲသစ်ရွက်တွေဝဲပျံနေတယ် တချို့အပင်ငယ်လေးတွေဆို အမှုန့်လေးတွေတောင်ဖြစ်လို့
သူတို့သိုင်းကွက်ပေါင်းများစွာတိုက်ခိုက်ကြတယ်ဆိုပေမဲ့ သူလဲမနိုင်ကိုယ်လဲမနိုင်ပုံစံပါပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...