အပိုင်း (72)သတိပြုမိခြင်း
စီချွမ်အင်ပါယာ။
စီချွမ်တောင်ပိုင်းမြို့တော်။
ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲ။စီချွမ်သိုင်းပြိုင်ပွဲစင်မြင့်။
ပထမနေ့။စီချွမ်သိုင်းပြိုင်ပွဲစင်မြင့်တွင် ဂိုဏ်းအသီးသီးရောက်ရှိနေကြပြီဖြစ်ပေမဲ့ အဓိကဂိုဏ်းငါးဂိုဏ်းရောက်မလာသေးတာကြောင့် လူအများကလည်တဆန့်ဆန့်ဖြစ်နေကြပြီ
စုစုနဲ့ရှောင်ဟွာကလဲ လူကြားထဲမှာရောပြီးရောက်နှင့်နေပြီးပြီ
စုစုကတည်ငြိမ်နေပြီး ရှောင်ဟွာကတော့ရေခဲတုံးတတုံးဘေးချထားသလို ငြိမ်သက်နေပါတယ်
စုစုကချောမောတဲ့မိန်းမလှလေးဖြစ်ပြီး သူမရဲ့အလှကထူးထူးခြားခြား ရင်ကိုအေးမြစေပါတယ် ဒါကြောင့် ကျင့်ကြံသူယောကျာ်းလေးများကြား သူမကရေပန်းစားပြီး အကြည့်အခံရဆုံးဖြစ်လို့နေတယ်
ရှောင်ဟွာကအနဲငယ်ရုပ်ဆိုးတယ်ဆိုပေမဲ့ သူရဲ့ရှည်လျားလှတဲ့အရပ်ကြီးနဲ့ကျစ်လစ်နေတဲ့ကိုယ်အချိုးအစားတိုါကြောင့် အချို့သောပျိုမေတွေရဲ့ပစ်မှတ်လေးဖြစ်လို့နေတယ်
"အဟမ်း တချို့ တချို့သောသူတွေကတော့နော် ရုပ်ဆိုးအောင်လုပ်ထားတာတောင်မှ ကောင်မလေးတွေကိုဆွဲဆောင်နိုင်တုန်းပဲ အဟေးဟေး "
စုစုက ရှောင်ဟွာကို စိတ်နဲ့စကားဆက်သွယ်ပြောလိုက်ကာ သွားစလိုက်ပြီး သူမကတော့မသိယောင်ဆောင်ကာ ရှေ့ကတဖွဲဖွဲလာနေတဲ့လူတွေကိုကြည့်လို့နေတယ်
အစခံလိုက်ရတဲ့ရှောင်ဟွာကတော့ မျက်နှာကြီးမဲပုတ်လာပြီး ရေခဲအရှိန်အဝါတွေကိုပိုမိုထုတ်လွတ်လာလေတော့တယ်
"နောင်ကြီး ဟောဟိုကိုကြည့်လိုက် အသူရာဂိုဏ်းကလဲရောက်လာပြီတွေ့လား ကျွတ် ကျွတ် ဒီနှစ်လဲသူတို့ကဘယ်သူတွေကိုဒုက္ခပေးဦးမှာလဲမသိဘူး"
အဲ ဆိုင်ရှင် ဟုတ်သားပဲ သူ့ကိုမေ့နေတာ စုစုက ရှောင်ဟွာကိုလှမ်းကြည့်ပြီးမေးဆတ်ပြတယ် ရှောင်ဟွာကလဲ ဆိုင်ရှင်ကိုကြည့်ကာ စိတ်ဝင်တစားနဲ့နားထောင်လိုက်တယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...