55.zgi

2.3K 96 0
                                    


55.လျို့ဝှက်ချက်

အခန်းတွင်းမှာတော့ အနီရောင်လည်ပတ်လေးနဲ့‌ကောင်မလေးနှစ်ယောက်က ကြောက်ရွံစွာနဲ့ရှိနေပါတယ်
ပြူးကျယ်နေတဲ့မျက်ဝန်းအစုံလိုက်က ကုတင်ပေါ်မှာရှိနေတဲ့ သေဆုံးပြီးသားအလောင်းလေးလောင်းပေါ်မှာသာ

ဟုတ်‌တာပေါ့ အဲ့ဒီခြောက်သွေ့နေပြီဖြစ်တဲ့ ဆံပင်တွေဖြူနေတဲ့ အဘွားအိုလိုမျိုးအလောင်းလေးလောင်းက လီဖေးဟုန်နဲ့အတူတူပျော်ပါးခဲ့ကြတဲ့ အစေခံမလေးတွေပါပဲ

တယောက်ယောက်ကများ ဒါဘယ်လိုဖြစ်သွားတာလဲလို့မေးလာရင် ဖြေစရာအဖြေတောင်မရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါက လီဖေးဟုန်ရဲ့လျို့ဝှက်ချက်ဖြစ်နေလို့ပါပဲ

လီဖေးဟုန်ကတော့ ကုတင်ပေါ်မှာ‌ခေါင်းကိုလက်ထောက်ထားပြီး ခြေတဖက်ထောင်ထားကာ ဘေးတစောင်းအနေနဲ့လျဲလျောင်းနေပါတယ် ပျင်းရိပျင်းတွဲပုံမျိုးနဲ့ချောမောလှပတဲ့ဒီနတ်သားလေးဟာ တကယ်တော့ မင်း‌သားခေါင်းဆောင်းတပ်ထားတဲ့ဘီလူးကြီးတွေမှန်း သိလိုက်ရပါပြီ
ဘေးနားကအလောင်းတွေကိုတောင်ဂရုမစိုက်တာဟာ အဲ့ဒီအလောင်းတွေကသူနဲ့မသက်ဆိုင်တဲ့အလားပါပဲ

လီဖေးဟုန်က အနီရောင်လည်ပတ်လေးတွေနဲ့ကောင်မလေးနှစ်ယောက်ကိုစိုက်ကြည့်နေပါတယ် ကြောက်ရွံနေတဲ့ကောင်မလေးနှစ်ယောက်ကိုကြည့်ပြီး သူ့ဘေးနားကိုလာဖို့မေးဆတ်ပြလိုက်ပါတယ် နှုတ်ခမ်းတွေကပြုံးနေပြီး ဘေးနားကအလောင်းလေးလောင်းသာရှိမနေဘူးဆိုရင် ကျိန်းသေပေါက်ကြွေဆင်းသွားနိုင်ပါတယ်

ဒါပေမဲ့ ကောင်မလေးနှစ်ယောက်ကတော့ လှုပ်တောင်မလှုပ်ရဲတော့ဘူးလေ သူတို့သိတာပေါ့ ဒီချောမောလှပတဲ့ကောင်နောက်ကွယ်မှာအသားစားဘီလူးကြီးရှိနေတယ်ဆိုတာကို

လီဖေးဟုန်က ထပ်တခါလက်ယပ်ကာခေါ်လိုက်ပါတယ် သူ့ကို့ကြည့်ရတာ အေးဆေးဖြစ်နေပြီး မသိရင်ပျော်ပွဲစားထွက်လာသလိုပုံမျိုးနဲ့ပါ သူ့ရဲ့ဘေးနားကနေရာလွတ်လေးကိုတောင်ပုတ်ပြလိုက်ပါသေးတယ်

သူပြောချင်နေတာလဲ လာခဲ့ပါ ငါ့လိုအလှလေးနဲ့လာပျော်ပါးလှည့်ပါ ပြီးရင်တော့ အဖိုးအခကမင်းတို့ရဲ့အသက်ပဲ‌နော်လို့များပြောချင်နေတာလား

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now