13.လျန်းလျန်း
"အိုး ဒုက္ခပဲ သခင်မလေးကနာရီပိုင်းပဲအချိန်ရတော့မယ် ဒီထက်ကြာရင်မကောင်းတော့ဘူး "
ချန်းလေးကပြောလိုက်တယ် ဘေးမှာဝိုင်းနေတဲ့သူတွေအကုန်လုံးကလဲစိုးရိမ်တကြီးဖြစ်နေကြပြီ
"ကျွန်တော်ယူလာတဲ့သွေးကလဲနဲနဲကြာရင်သုံးရတော့မှာမဟုတ်ဘူး "
စန်း ပြောလို့အပြီးမှာ အားလုံးရဲ့မျက်နှာမှာပိုလို့စိုးရိမ်သွားကြတယ် သူတို့ဒီအတိုင်းလက်လွတ်လိုက်ရတော့မှာလား
မဖြစ်နိုင်ဘူး သူတို့ဒီအတိုင်းလက်မလျော့နိုင်ကြဘူး မဖြစ်ရဘူးသူတို့အားလုံးရဲ့အရှင်မကိုကြည့်လိုက်ကြတယ် သူမဘေးမှာ သူတော်စင်အလင်းတွေဝိုင်းရံထားတယ် ဒါပေမဲ့လဲ သူမရဲ့အစိတ်အပိုင်းတွေက ပိုလို့အဆိပ်သင့်လာတယ် တချို့နေရာတွေဆို အမည်းရောင်တွေတောင်သန်းနေပြီ
သူမပြောခဲ့တဲ့အတိုင်း လဝက်ပဲ တကယ်လဝက်ပဲ မနက်ဖြန်ဆိုရင် လဝက်ဟာပြည့်ခဲ့ပြီ ဒီခရီးနဲ့ဒီခရီး နည်းတဲ့မိုင်ပေါင်းမဟုတ်တော့ မမှီမှာစိုးနေကြတယ် ဒါပေမဲ့ သူတို့အားလုံးယုံကြည်ကြတာတခုရှိတယ် ဒါကတော့သူတို့ရဲ့ဝမ်ရယ်ဟာ သူ့ရဲ့လီဖေးကိုတော့ အသက်ဆုံးရှုံးမခံနိုင်ဘူးဆိုတာပဲ
............=.............=..........=...........=.........
ဝမ်ရယ် ပြန်ရောက်လာပြီ
တကယ်! တကယ်ပြန်ရောက်လာပြီ သခင်မလေးလူရွေးမမှားခဲ့ဘူး ပြီးတော့ သခင်မလေး ပြန်နိုးထလာတော့မယ်
ချန်းလေးတွေးနေတုန်း အပြာရောင်ဝတ်စုံနဲ့ ဝမ်ရယ်ဟာ အဖြူရောင်ဝတ်စုံနဲ့လူရွယ်တယောက်နဲ့အတူ နှင်းသခင်မအဆောင်တော်ထဲကိုဝင်ရရောက်လာခဲ့တယ်
အပြာဝတ်စုံနဲ့ဝမ်ရယ်ဟာ ချန်းလေးရဲ့အမြင်မာနတ်သားတပါးလိုခန့်ညားတနတော့တာပဲ အရမ်းကိုချစ်ဖို့ကောင်းနေတယ် ဒါက ချစ်တဲ့အမြင်နဲ့ကြည့်လို့များလား ဘာပဲဖြစ်ဖြစ်သေချာတာက သူ့သခင်မလေးကိုကယ်တင်နိုင်တဲ့ဘယ်သူမဆို သူမကအကောင်းမြင်မှာပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...