29. ရင်ခုန်သံထပ်တူ

8K 309 10
                                    

"ရှင် လုပ်ရဲရင်လုပ်ကြည့်လေ "
"မကြည့်ဘူး ဝါးပါစားပစ်မှာ"
"ဟွန့် ဝါးစားလေ တခါပဲရမယ် "

လီယူရီမှာ တန်းလန်းကြီးနှင့်အခက်တွေ့နေရပြီ သူရှေ့ဆက်တိုးရင်လည်း သူ့လီဖေးလေးကငြင်းလိမ့်မယ် ရှေ့မဆက်ရင်လဲနောက်တခါအခွင့်အရေးရမှာမဟုတ်တော့ဘူး သူအကြံအိုက်နေပြီ ဘာလုပ်ရမှန်း‌တကယ်မသိတော့ဘူး ကုတင်ပေါ်တွင်ထပ်လျက်အနေအထားကြီးကနေ ယူရီစဉ်းစားခန်းဝင်သွားသောကြောင့် နေရခက်သောလေထုဖြစ်သွားလေသည်

ဝိုလျန်းက လီယူရီရဲ့စိတ်ရှုပ်နေသလိုပံုစံမျိုးနဲ့မျက်နှာချောချောကိုသေချာငေးကြည့်နေပြီးမှ တခွန်းချင်းပြောလိုက်သည်

"ယူရီ ‌ကျွန်မကိုစိတ်ပျက်နေပြီလား "
"အာ အဲ့လိုမဟုတ်"
"သိပါတယ် တကယ်တော့ ရှင်စိတ်ပျက်နေပြီမလား ရှင်လိုချင်တာမပေးနိုင်လို့လေ "

ပြောရင်းနှုတ်ခမ်းဆူလာပြီး မျက်ဝန်းတွေရဲလာကာငိုချမလိုဖြစ်လာသောလီဖေးကြောင့်လီယူရီမှာသက်ပြင်းချမိပြီ တကယ်ကိုပဲသူတန်းလန်းဖြစ်နေတဲ့အချိန်မှာမှ သူ့လီ‌ေဖးကထငိုတော့မဲ့အခြေအနေမျိုးကြီးနဲ့

"ကိုယ် အောင့်လာပြီ"
"ဟင် ဗိုက်အောင့်တာလား ဆေးသောက်မလား ကျွန်မကုပေးရမလား "
"ရတယ် ရတယ် အမြန်သက်သာ‌ေစချင်ရင် လက်ကလေးပဲငှား "
"အင်း "

ဝိုလျန်းကယူရီပြောတာကိုဘာမှန်းသေချာမသိလိုက်ပေမဲ့ခေါင်းညိတ်မိလိုက်၏

ယူရီက ဝိုလျန်းလက်ကိုဆွဲကိုင်ကာ သူရဲ့ဖုဖောင်းတင်းကားနေတဲ့အရာပေါ်ကိုတင်ပေးလိုက်သည် သူမရဲ့နူးညံ့တဲ့လက်အထိအတွေ့ကသူ့ပေါ်ရောက်သွားတာနဲ့ သူရဲ့ညီလေးလေးကတော့ ပို၍တောင်ထွားကြိုင်းလာကာ တဆတ်ဆတ်တုန်လာ၏

ဝိုလျန်းမှာမထင်မှတ်ပဲ ပြုလုပ်ခံလိုက်ရသဖြင့် ကြောင်အနေမိရင်းမှ ယူရီကသူမလက်များအပေါ်တွင်ဖိအုပ်ကိုင်ကာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်လိုက်မှအသိပြန်ကပ်လာလေသည် ချက်ချင်းပင် သူမမျက်နှာရဲတက်လာသည်မှာ နားရွက်ဖျားတွေနားအထိပင်ရောက်နေပြီ မျက်နှာများပူထူကာ တကိုယ်လုံးမီးလောင်ထားသလိုပင် စပ်ဖျဉ်းဖျဉ်းနှင့်ရင်တဖိုဖိုဖြစ်လာလေ၏ သို့သော် သူမယူရီကိုသနား၍လက်ကိုမရုတ်ပဲသူ့အလိုကျပြုလုပ်စေရန်လွတ်ထားပေးလိုက်၏

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniDonde viven las historias. Descúbrelo ahora