17. စောင့်နိုင်တယ် စောင့်နိုင်တယ်

7K 455 5
                                    


လျို့ဝှက်သောကြင်ယာတော်

17.‌ေစာင့်နိုင်တယ်

"ထွက်သွား ဝှစ်...ဝှစ်...ဝှစ်"
"အား ထွက်သွားဆိုလဲပါးစပ်နဲ့ပဲပြောလေ ဘာကြောင့်လက်ပါလာတာလဲ"

ပြောပြီးသည်နှင့်အလင်းဓားပျံဖြင့်ပစ်ပေါက်လိုက်သောလီဖေးကြောင့် ယူရီမှာအမြန်ခုန်ရှောင်လိုက်ရ၏ ဒီကောင်မလေး တဆိတ်ရှိအဲ့အလင်းဓားပျံနဲ့ပဲပစ်နေတယ်
သူတကယ်ပဲ ငါ့ကိုမကြိုက်ဘူးလား သူ့နှလုံးသားမှာငါ့အတွက်နေရာမရှိဘူးလား

တွေးရင်းနဲ့ယူရီစိတ်ဓာတ်ကျစွာ ငူငူငိုင်ငိုင်နဲ့ထိုင်နေမိသည် သူ့ဘက်က‌ေပးဆပ်မူ့မလုံလောက်သေးတာသိပေမဲ့လဲ တကယ်တမ်းသူမသူ့ကိုအဲ့လိုဆက်ဆံတော့လဲသူရင်နာရပြန်တာပဲ အားး အချစ်ဆိုတာအဲ့လိုပဲလားကွာ

သူမချစ်ဖူးဘူး ဒါကြောင့်အချစ်အ‌ေကြာင်းဘာမှမသိခဲ့ဘူး  သူသိလဲမသိချင်ခဲ့ဖူးဘူး ဘာကြောင့်လဲဆိုတော့ သူရဲ့ခမည်းတော်ကြောင့်ပါပဲ

ခမည်းတော်ဟာ မိန်းမအရမ်းပွေတယ် သူကိုယ်တိုင်ကဘုရင်ဖြစ်နေတော့ပိုဆိုးတယ် တိုင်းပြည်အသီးသီးကမဟာမိတ်ပြုလို့ရော သူကိုယ်တိုင်သဘောကျလို့ရော မိန်းကလေးတွေကိုယ်တိုင်ကပစ်ဝင်လာတာတွေရော ပုံအောတိုက်နေတာ ခမည်းတော်ဆီသွားလိုက်တိုင်း အမြဲတမ်းမောင်းမပေါင်းများစွာနဲ့ပလူးနေတာပဲတွေ့ရတယ်

ဘယ်သူထင်မလဲ တနေ့တော့ ခမည်းတော်ဟာ အပြင်ကိုသွားရင်းနဲ့ သီချင်းညည်းနေတဲ့မိန်းမပျိုလေးကိုစွဲလန်းသွားခဲ့မယ်လို့

သူတကယ်ချစ်တဲ့မိန်းမပျို‌ေလးဟာ
အာဏာသိပ်မရှိတဲ့ အမတ်ကြီးတဦးရဲ့သမီးဖြစ်တယ် ဒါပေမဲ့သူမက ရုပ်ရည်ရောအရည်အချင်းရော‌အပြစ်ပြောစရာမရှိတဲ့အပြင် စိတ်ထားလေးကလဲမွန်မြတ်‌ေသးတယ် အဲ့လိုစိတ်ထားကြောင့်ပဲ ခမည်းတော်ရဲ့ကံကြမ္မာငင်ခဲ့ရတာပါပဲလေ

ခမည်းတော်ကရုပ်ရည်ချောမောခံ့ညားတဲ့အပြင် နှစ်လိုဖွယ်အသွင်ရှိတယ် ရှည်လျားတဲ့အရပ်ကိုပိုင်ဆိုင်ပြီး ပါးချိုင့်နှစ်ဖက်နဲ့သွားညီညီလေးတွေဟာဆိုရင် စကား‌ေြပာလိုက်တိုင်း ပြုံးလိုက်တိုင်းပေါ်လာတတ်တယ် ပြောရမယ်ဆိုရင် အရမ်းကိုပြည့်စုံလွန်းတာပေါ့

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now