37..zgi

3.1K 138 4
                                    


37.ပန်းနက်ဂိုဏ်းချုပ်

ဝိုလျန်းကာလက်ကိုယင်ယန်ပုံစံဖြန့်‌၍စတင်ကျင့်ကြံလိုက်သည်နှင့် သူမ၏ကိုယ်တွင်းတွင်ချီစွမ်းအားများစတင်လှည့်ပတ်လာကြလေသည် သူမရဲ့ချီတွေဟာမတည်မငြိမ်ဖြစ်နေတာကိုသာသိကြပေမဲ့ သူမရဲ့အားအင်အရင်းအမြစ်ဘယ်ကလာတယ်ဆိုတာမသိကြပေ

ရေတိုင်းပြည်မှာရေချီတွေပေါများပေမဲ့ သူမကအလင်းရောင်ကောင်းကောင်းရှိတဲ့နေရာမှာလေ့ကျင့်တာအကောင်းဆုံးဖြစ်သည် ထို့ကြောင့်သူမကယူရီမသိ‌အောင်တိတ်တိတ်‌လေးပြန်ထလိုက်ပြီး အကာအကွယ်စည်းကိုပြန်ဖွင့်လိုက်ကာ ခေါင်မိုးပေါ်သို့ပျံတက်သွားလိုက်၏ ထို့နောက်သူမက အကာအကွယ်စည်းကိုထပ်တခါရေးဆွဲပြီးမှ စိတ်ချလက်ချစတင်ကျင့်ကြံလိုက်လေတော့သည်

သူမကနေအလင်းရောင်ကိုစုပ်ယူကာသူမကိုယ်တွင်သိုမှီးလိုက်၏ နေအလင်းများကိုချီနှင့်ရောနှောစေပြီးသူတော်စင်အလင်းကိုစတင်ထုတ်လုပ်ရသည် ထို့အရာကသူတော်စင်အလင်းကုသသူများဘာကြောင့်ရှားရသလဲဆိုတာပဲဖြစ်သည် သူတော်စင်အလင်းဖြစ်ရန်ချီစွမ်းအင်‌တော်‌တော်များများသုံးစွဲရသောကြောင့် သူတော်စင်အလင်းကုသသူများကကျင့်ကြံဆင့်အတက်နှေးကာအားနည်းကြသည် သို့သော်ဝိုလျန်းကသူမတွင်ချီစွမ်းအင်များကိုအရူးအမူးစုပ်ယူနိုင်စွမ်းရှိတာမို့ မပူရပေ ထို့အပြင်အဆင့်တက်စွမ်းကလဲသူများတွေထက်အဆတရာမြန်ပေသည်

သူမထံသို့အလင်းစွမ်းအင်များကစတင်ဝင်ရောက်လာကြသည် သူမထံမှဆွဲငင်စက်ကွင်းပေိါ်ပေါက်လာပြီးနောက် အလင်းစွမ်းအင်များကိုသုံးဆလောက်ပိုမိုမြန်ဆန်စွာဆွဲယူတော့သည်
သူမသောက်ထားသောစိတ်နှလုံးရွှင်ပြုံးဆေးကလဲစတင်အစွမ်းပြလာပြီမို့ သူမကိုယ်ထဲတွင် ဆေးနှင့်အလင်းစတင်ရောယှက်ကာလုံးထွေးလာသည်နှင့် သူမဗိုက်လည်းစတင်နာကျင်လာတော့သည် သို့သော်ခံနိုင်လောက်သောနာကျင်မူ့မျိုးမို့သူမကတချက်‌‌တောင်မလှုပ်ပေ

လက်ဟန်အမျိုးမျိုးကိုပြောင်းလိုက်ရင်း ကိုယ်ထဲတွင်ချီများပြည့်ညှပ်လာသည့်အခါ အလင်းစွမ်းအင်များကိုဆေးနှင့်နှောပြီးသူတော်စင်အလင်းရရှိအောင်သူမစတင်ကြိုးစားတော့သည်
တဖြေးဖြေးနှင့်သူမဝတ်ဆင်ထားသောဝတ်ရုံတို့မှာချွေးဖြင့်ရွှဲသွားတော့သည် သူမအလွန်ပူလောင်နာကျင်နေပေပြီ သို့သော်မလှုပ်ရဲပဲ စိတ်နှစ်ကာသေချာစွာကျင့်ကြံနေ၏ သူမနာကျင်မူ့ကိုအံကြိတ်ကာအောင့်ခံနေသော်လည်းတ‌ဖြေးဖြေးပိုမိုဆိုးရွားလာတာမို့ သူမမျက်နှာကရှုံ့မဲ့လျက်ရှိသည် သော်သူမမလှုပ်သလိုဘယ်သူ့ကိုမှလဲမအော်ခေါ်ခဲ့ပါ နာကျင်မူ့ကိုအံကြိတ်ခံကာ သူမနှုတ်ခမ်းကိုကိုက်ထားပြီး နာကျင်လွန်းသောကြောင့်ကိုယ်တွင်းရှိကလီစာများကပါထုံထိုင်းလာသည်ဟုထင်မိသည် ခနကြာသောအခါ သူမကိုယ်တွင်းမှအမဲရောင်အရည်ပျစ်ပျစ်ကလေးများစိမ့်ထွက်လာပြီး နောက်သူမသတိလစ်ကာလဲကျသွားလေတော့သည်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now