39.ယုဟန်အသစ်အားလုံးကသူမရဲ့စကားကိုဂရုစိုက်နားထောင်နေတော့မှ ဝိုလျန်းလဲဆက်ပြောလိုက်တယ်
"အဲ့တာကပြန်အသက်သွင်းတဲ့နည်းလမ်းပဲ အရင်ဆုံး ရေနက်ပင်ကိုသွားကြည့်ကြတာပေါ့ သေချာပြီဆိုမှနည်းလမ်းကိုပြောပြမယ် "
ပြောစရာကကုန်သွားပြီးမို့ ဝိုလျန်းအသာလေးပဲငြိမ်နေလိုက်တော့တယ်
တယောက်ချင်းစီကသူမကိုမယုံကြည်နိုင်တဲ့ပုံစံမျိုးမို့ တိတ်တဆိတ်ပဲစောင့်ကြည့်နိုင်တော့မယ် သူမကလုပ်ပေးချင်ပေမဲ့သူတို့ကမှလက်မခံရင် သူမကဘာလုပ်နိုင်မှာလဲ လက်လျော့ရုံပဲရှိတယ် ဒါပေမဲ့ သူမလဲဒီရေတိုင်းပြည်ကိုချစ်တာမို့ သည်းခံနေတာ တကယ်တော့ ဒီနေရာလေးကသူမရဲ့ခနတာခိုလှုံရာလေးဖြစ်ခဲ့ဖူးတယ်လေ နွေးထွေးခြင်းတွေနဲ့ကြင်နာခြင်းေတွလဲရရှိဖူးတာမို့ သူမကစိတ်မပျက်ပဲထပ်ကြိုးစားချင်မိတာဖြစ်လေတယ်သူမလူတွေက သူမကိုယုံကြည်ကြပေမဲ့ သူမရဲ့လူမဟုတ်တဲ့သူတွေကတော့ဘယ်ယုံနိုင်ပါ့မလဲ သူတို့ရဲ့အမြင်မှာသူမဟာသာမန်နိုင်ငံကမိဘုရားသာသာပါပဲလေ ဒါအပြင်သူမဟာအရမ်းကိုငယ်ရွယ်လွန်းနေပြန်တော့ ဘယ်လိုပဲဆိုဆို ယုံကြည်ဖို့ခက်လွန်းနေတာပေါ့လေ
"ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်လိုက်တာအကောင်းဆုံးပဲ ဝိဉာဉ်ကြွေလွင့်ပြီးသားကိုပြန်အသက်သွင်းမယ်ဆိုတာကို ကိုယ်တော်ဘယ်မှာမှမကြားဖူးပေမဲ့ လျန်းလျန်းကိုယုံတယ် အဲ့တော့
မယုံတဲ့သူတွေအားလုံးထွက်သွားကြ"ရေဘုရင်က သူရဲ့ရပ်တည်မူ့ကိုထုတ်ဖော်လိုက်တော့ ယဲ့ဖိုးဖိုးကလဲခေါင်းညိတ်လိုက်လေတယ်
နတ်ဆေးဆရာက
"မဖြစ်နိုင်ဘူး အဲ့ဒီနည်းလမ်းကိုဘယ်မှာမှမကြားဖူးဘူး "
"မောင်မင်းမကြားဖူးတိုင်းမရှိဘူးလို့ပြောလို့မရဘူး လောကကြီးကသိပ်ဆန်းကျယ်တယ် ရေအိုင်ထဲမှာပဲနေမနေနဲ့"
ဝိုလျန်းကတော့ ပျင်းရိပျင်းတွဲပုံစံလေးနဲ့ စားပွဲခုံမှာထိုင်နေပြီး အကြမ်းရည်ကိုသောက်လို့နေတယ် ချန်းလေးကသူမဘေးနားမှာရပ်နေပြိး ရေဘုရင်ရဲ့အမေကတော့ ဝိုလျန်းကိုအကြမ်းရည်ခပ်ပေးနေကာ ရိုရိုသေသေနဲ့စကားပြောနေတယ်
သူမနဲ့ဒီစကားဝိုင်းနဲ့မဆိုင်တာကြောင့် လျန်းလျန်းကိုသာအကြမ်းရည်ဆက်နေလိုက်တော့တယ် စကားစမြည်ပြောေနပြီး သူမသိချင်တာတွေကိုမေးလို့နေတယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...