လျို့ဝှက်သောကြင်ယာတော်
အပိုင်း(90) လီဖေးဟုန်နဲ့အတူတူ
"အချစ်လေး ကိုယ်ပါ ယူရီ လီယူရီလေ "
"ဟင့်အင်း ရှင်က ယူရီမဟုတ်ဘူး "
"ကိုယ်ပါ ယူရီပါ ယုံပါ "
"ရှင်ကလီဖေးဟုန်ပဲ"လီဖေးဟုန်မျက်နှာပျက်ယွင်းသွားခဲ့တယ် သူမကိုရဖို့အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမဲ့ ဒီလောက်မြန်မြန်ကြီးပေါ်သွားတယ်တဲ့လား
ဟားဟား သူမရင်ထဲမှာ ဘယ်လောက်တောင်အရိုးစွဲနေလို့ သူမကိုဆက်ဆံဖို့ကြိုးစားနေတဲ့အချိန်မှာတောင် သူမသိသွားရတာလဲ
မတရားဘူး လုံးဝမတရားဘူး
ခံပြင်းမူ့တွေနဲ့အတူ လီဖေးဟုန်က သူ့မျက်နှာကိုလက်နဲ့သပ်လိုက်တာနဲ့ သူရဲ့ရုပ်ကပြန်ပေါ်လာခဲ့ပါတယ်
'ရုပ်လွဲပြောင်းအစီအရင်ပဲ ငါသိတယ် ဒိခွေးက လီဖေးဟုန်ပဲဆိုတာ'
"အချစ်လေး မင်းနဲ့ကိုယ်ဆက်ဆံခဲ့တဲ့အချိန်တွေဟာ ယူရီနဲ့မင်းအတူနေတဲ့အချိန်တွေထက်ပိုများတာသေချာတယ် ဒါတောင်မှ မင်းရဲ့စိတ်ထဲမှာ ငါမရှိပဲ အဲ့ကောင်ပဲရှိတယ်ပေါ့ အဲ့ကောင်ကဘယ်လောက်တောင်ကောင်းလို့ မင်းဒီလိုပြောင်းလဲသွားရတာလဲ ဘာကြောင့်လဲ ဟမ် ကိုယ်လဲမင်းကိုချစ်တာ အဲ့ကောင်မင်းကိုချစ်တာထက်တော့မလျော့ဘူးကွ သိလား"
ဖေးဟုန်ရဲ့အမြဲပြုံးနေကာသဘောကောင်းချင်ယောင်ဆောင်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးကွာကျသွားပြီး သူမကိုအော်ဟစ်ကာပြောလာပါတယ်
အခုရော အရင်ကပါ သူရဲ့ဒိလိုရူးသွပ်လုလုအခြေအနေကိုမတွေ့ဖူးခဲ့လို့ အနဲငယ်အံ့ဩသွားခဲ့ပါတယ်
လိဖေးဟုန်ရဲ့ပုံစံမဟုတ်တဲ့ အခြားတဖက်မျက်နှာကိုမြင်တွေ့လိုက်ရပေမဲ့ သူမ မကြောက်တော့ပါဘူး သူ့ကိုကြောက်ရွံ့တဲ့အချိန်တွေကကုန်လွန်ခဲ့ပြီလေ ဒီလိုစကားလေးနဲ့ သူမကိုသိမ်းပိုက်နိုင်မယ် ခြိမ်းခြောက်နိုင်မယ်များထင်နေသလား
"မင်းကိုယ့်ကိုမချစ်ဘူး အရင်ထဲက မင်းက တခါပဲတွေ့ဖူးတဲ့အဲ့ကောင်ကိုချစ်နေခဲ့တာ အရင်ထဲက မင်းသာကိုယ့်အချစ်ကိုလက်ခံခဲ့ရင် အဲ့ကောင်လဲသေစရာလဲမလိုသလို မင်းရော ကိုယ်ရော သေစရာလိုခဲ့မှာမဟုတ်ဘူး"
"ဘာတွေပြောနေတာလဲ အရင်က ယူရီသေဆုံးခဲ့တာ နင့်ကြောင့်လို့ပြောတာလား ငါသေခဲ့ပြီး နင်ရောသေခဲ့တယ်ပေါ့ "
"ဟုတ်တယ် အချစ်လေး မင်းချစ်တဲ့ကောင်ကိုငါသတ်ခဲ့တယ် မင်းတဘဝလုံးစောင့်မျော်ခဲ့တဲ့ကောင်ကို အသားတလွှာချင်းစီ တလွှာချင်းစီ လက်သည်းတခုချင်းစီ အရိုးတေချာင်းချင်းစီဆွဲထုတ်ပြီး တဖြေးဖြေးသတ်ခဲ့တာ "
" ရှင် လူယုတ်မာ ရှင့်ကိုသတ်မယ် "
"မင်းကောင်ကိုထိတော့နာတတ်တယ်နော် အချစ်လေး မင်းကိုယ့်ကိုသတ်လို့မရဘူးလေ မင်းဟိုတဖက်မှာ သေဆုံးခဲ့ပြီး ဘာကြောင့် ပြန်နိုးထလာတယ်လို့ထင်လဲ ပြန်လည်ခြင်းနိုးထခြင်းအစီအရင်ကိုကိုယ့်ရဲ့အသက်နဲ့ရင်းပြီးဆွဲခဲ့လို့ပဲ ကိုယ်သေရင် မင်းလဲသေမှာပဲ
ပြီးတော့ မင်းပြန်နိုးထလာတာကိုယ်နဲ့ပေါင်းစည်းဖို့ အဲ့ကောင်နဲ့ရဖို့မဟုတ်ဘူး ခုတော့မင်းကသူ့ကိုပဲထပ်ချစ်သွားတဲ့အပြင် ကလေးတယောက်တောင်ရလိုက်သေးတယ် မင်းချစ်တဲ့သူတွေကိုကိုယ်မသတ်ရဲဘူးထင်နေလား ကိုယ်ငြိမ်နေတာ မင်းကိုယ့်လက်ထဲလိမ်လိမ်မာမာနဲ့ပြန်ရောက်လာဖို့ပဲ ကိုယ့်ကိုလက်ခံလိုက် ဒါဆိုရင် မင်းရဲ့သားကိုရှင်သန်ခွင့်ပေးမယ် ဒါ နောက်ဆုံးညှိနှိုင်းချက်ပဲ ကိုယ်စိတ်ကိုမစမ်းနဲ့ စဉ်းစားဖို့သုံးရက်ပေးမယ် အပြင်မှာအခြေအနေတွေကမကောင်းဘူးနော် မင်းထွက်ပြေးဖို့မကြိုးစားနဲ့ ကိုယ်ကလွဲပြီး မင်းကိုဘယ်သူမှညှာမှာမဟုတ်ဘူး အပြင်ကိုခြေတလှမ်းထွက်တာနဲ့ အသတ်ခံရလိမ့်မယ် ကိုယ့်ကိုေသေစချင်လို့ မင်းသတ်သေရင်တောင် မင်းရဲ့အဖိုးတန်ကာကွယ်စရာတွေကို သတ်ပြီးမှ မင်းနောက်လိုက်ခဲ့မယ် အဲ့လောက်တော့ကိုယ့်မှာအချိန်ရတယ် မယုံရင်စမ်းကြည့်လိုက် "လီေဖးဟုန်က စကားအရှည်ကြီးပြောပြီး ပျောက်ကွယ်သွားပေမဲ့ ဝိုလျန်းတယောက် ကြောင်အစွာကျန်ရစ်ခဲ့ပါတယ် ဆေးမိနေလို့အသိစိတ်တွေဝေဝါးနေပေမဲ့ သူဘာေတွပြောသွားလဲဆိုတာရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့အပြင် သူမဘာနောက်ကွယ်ကအကြောင်းအရင်းကိုပါသိလိုက်ရပါတယ်
မဖြစ်ဘူး
လီဖေးဟုန်ကတော့ ကျိန်းသေပေါက်သေရမယ်
ဒါမှ ငါ့သားနဲ့ယူရီကောင်းကောင်းနေနိုင်မှာငါသူ့ကိုအဆိပ်ခတ်လို့ရပေမဲ့ ငါ့ရဲ့အတွင်းအားတွေကမရှိဘူးဖြစ်နေတယ် သူ့ကိုအညံ့ခံပြီး သူ့ဆီကယုံကြည်မူ့ကိုရယူပြီး အတွင်းအားတွေပြန်ရမှ အဆိပ်ခတ်ရမယ်
လီဖေးဟုန်နဲ့အတူတူသေရလဲ ငါချစ်တဲ့သူေတွအသက်ရှင်ကျန်ခဲ့ရင် ကျေနပ်တယ်
သေစမ်း
ဒီဆေးအစွမ်းပြတာရပ်သွားမှသူ့ကိုလက်ခံမယ် မဟုတ်ရင် ငါ့ကိုကျိန်းသေပေါက်ထိတွေ့မှာပဲ မဖြစ်ဘူး င့ါသူ့ကိုရွံလွန်းလို့ဆက်ဟန်ဆောင်နိုင်မှာမဟုတ်ဘူးသူမအိပ်ယာပေါ်တဖန်ပြန်လှိမ့်လိုက်ပါတယ် သူမရဲ့လက်ေတွပေါ် ဒဏ်ရာတွေတခုပြီးတခုတိုးလာပါတယ်
နေ့လွန်လို့ညဘက်ရောက်လာတဲ့အခါ သူမအခန်းထဲကို လီဖေးဟုန်ပြန်ရောက်လာပါတယ်
သူထင်တာက သူမကိုရယူဖို့သူ့ကိုတောင်းပန်လိမ့်မယ်ပေါ့ ဆေးစွမ်းကပြင်းလွန်းလို့ တရက်အတွင်းမှာမှ တယောက်ယောက်နဲ့မဆက်ဆံခဲ့ဘူးဆိုရင် ရူးသွားနိုင်လောက်တဲ့အထိပြင်းတာမို့ သူအဲ့လိုထင်ခဲ့တာပါ
ဒါပေမဲ့ အခန်းထဲမှာ သွေးတွေ ဒဏ်ရာတွေအပြည့်နဲ့ သူမသတိလစ်နေလိမ့်မယ်လို့ဘယ်သူထင်မှာလဲ
သေစမ်း ငါအပြင်ကိုထွက်မသွားခင် သူမရိုက်ခွဲခဲ့တဲ့ပန်းအိုးအစအနတွေရှင်းဖို့မေ့ခဲ့တယ်
"သမားတော်ခေါ်လာခဲ့ "
....... . . . . . . . . . . ........... . . .. . . . .
Alinkar nang
ဇတ်သိမ်းတော့မှာပါနော် ခန့်မှန်းခြေ ငါးပိုင်းလောက်ပဲကျန်ပါတော့တယ်
ဇတ်သိမ်းပြီးရင် နန်းကိုစိမ်းသွားကြမှာလား ဟင်
အခုချိန်ထိအားပေးခဲ့တဲ့အသည်းလေးတွေအားလုံးကိုကျေးဇူးပါနော် အရမ်းလဲချစ်ပါတယ်လို့
နတ်ဘုရားမလေးနှင့်သူမ၏ချစ်ရသောနတ်ဆိုးလေး မှာ ပြန်တွေ့ကြမယ်နော် အားပေးကြပါဦးနော်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...