57.မြွေမြွေချင်းခြေမြင်
ဝိုလျန်းက ယူရီစိတ်အနှောင့်အယှက်ဖြစ်နေတာကိုဂရုမစိုက်ပဲ နောက်ကနေသိုင်းဖက်လိုက်တယ် ယူရီရဲ့အရပ်ကရှည်လွန်းတာကြောင့် ဝိုလျန်းကခြေဖျားထောက်ထားရတာကြောင့်ဝိုလျန်းကစိတ်မရှည်တော့တာကြောင့် လီယူရီရဲ့ကျောပေါ်ကိုခုန်တက်လိုက်ကာ လည်ပင်းကိုဖက်လိုက်တယ် ပြီးတော့ ပါးကိုပါနမ်းလိုက်သေးတယ်
ဝိုလျန်းရဲ့အပြုအမူကြောင့် လီယူရီလဲအရေပျော်ကျသွားပြီး စိတ်လျော့ချလိုက်ကာ သူမ မပြုတ်ကျအောင်ပြန်ဖက်ထားပေးလိုက်တော့တယ် သူမ မပြောချင်တာတွေကိုမေးမနေတော့ပဲ သူမပြောပြလာမဲ့နေ့ကိုပဲစောင့်လိုက်တော့မယ် ဒီလျို့ဝှက်ချက်များလွန်းတဲ့လျန်းအာကတော့လေ တော့များမှသူ့ကိုအရာအားလုံးပြောပြမှာလဲမသိဘူး
ဒါပေမဲ့လဲ ဟိုတဏှာရူးကောင်ကိုအာရုံလာနေရင်ငါ့လျန်းအာကငါ့ကိုဖက်ပြီးနမ်းပါ့မလား သူ့အတွေးနဲ့သူပြုံးလိုက်ပြီး နောက်နေတဲ့စိတ်တွေလဲကြည်လင်သွားရတော့တယ်
ဘာဖြစ်လဲ ငါ့အားနည်းချက်ငါ့ရဲ့လီဖေးဖြစ်နေတယ်ဆိုရင်တောင် ဆက်ချစ်ဦးမှာပဲ သူမကိုဟိုတဏှာရူးလက်ထဲရောက်မသွားအောင်ကာကွယ်ရမယ်
"ယူရီကိုချစ်တယ် "
"အင်း ကိုယ်လဲပဲ"
"ဘာလဲ အဲ့ဒါပဲလား"
"ဟားဟား ဒီကယူရီက ဟော့ဒီကလျန်းအာလေးကိုအရမ်းချစ်ပါသတဲ့ ရပြီလား"
"ဟွန့် တခွန်းလေးပြောရတာကပ်စေးကနဲနေသေးတယ်"
"တခါနမ်းရင်တခါပြောမယ် ဘယ်လိုလဲ "
"တကယ်လား မောသွားမယ်နော်"
"အရင်ပဲနမ်းကြည့်လိုက်ပါဦး "အဲ့ဒီလိုနဲ့ ဝိုလျန်းကတခါနမ်းရင် ယူရီကချစ်တယ်တခါပြောရင်း ဝိုလျန်းကယူရီကျောပေါ်ကလဲမဆင်းပဲအခန်းထဲမှာရယ်သံလေးတွေနဲ့ကြည်နူးဖွယ်ပျံ့လွင့်နေတယ်
ဝိုလျန်းရဲ့ရယ်သံလေးနဲ့လီယူရီရဲ့စနောက်သံတွေဟာ အခန်းအပြင်ကချန်းလေးကိုတောင်ပြုံးမိသွားစေတယ်
နောက်ဆုံးတော့ အချစ်ငှက်နှစ်ကောင်ပြန်အဆင်ပြေသွားတော့
သူမလဲကြားညှပ်မနေတော့ဘူးပေါ့
ဟီးဟီးဟီး
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...