56. ပွသနာကဘာလဲ
ဘာလဲဟ သူပဲမပြောမဆိုနဲ့ရောက်လာပြီးတော့ သူ့ကိုသေစေချင်လို့လုပ်တဲ့ပုံနဲ့ရက်စက်လိုက်တာတဲ့လား
နေစမ်းပါဦး သူများအခန်းထဲတိတ်တိတ်လေးရောက်လာတာကဘယ်သူလဲ မင်ရှန့်ဟွားထုတ်ရတဲ့အထိခြောက်ခြားစေတာကရောဘယ်သူလဲပြောစမ်းပါဦး ကိုကိုလေးရာ အခုတော့ သူကပဲတရားခံရတဲ့ပုံဖမ်းနေပြန်ပြီ
ဒါပေမဲ့ အဲ့ဒီနီရဲနေတဲ့ငိုထားသလိုမျက်ဝန်းတွေကရောဘာတွေလဲ ဝမ်းနည်းနေတဲ့ပုံကြီးနဲ့ ဘာကိုမှမလုပ်ချင်မကိုင်ချင်တဲ့ပုံစံကရောဘယ်လိုကြီးလဲလို့
ငါ့ရဲ့ယူရီကအမြဲတက်ကြွနေတာလေ အမြဲတမ်းပြုံးနေတာလေ ငါ့ဘက်ကအမြဲတမ်းရပ်တည်ပေးတတ်တာလေ အခုလိုစိတ်ပျက်အားငယ်နေတာက ယူရီမှမဟုတ်ပဲ ဘယ်မှာလဲ ငါ့ယူရီကိုပြန်ရှာပေး
"ဟွန့်"
ဝိုလျန်းက အံဩသင့်နေရာမှ ဟွန့်ခနဲနှာမှုတ်လိုက်ကာ တဖက်လှည့်ပြီးဝတ်လက်စဝတ်ရုံကိုပြန်ဝတ်လိုက်သည်
သူမအဆင့်တက်လာပြိးနောက်ပိုင်း သူမရဲ့ကိုယ်တွင်းဒျန်တန်ကလဲပိုသန့်စင်လာကာ အဆိပ်များထွက်သွားခြင်းကြောင့်လဲ သူမရဲ့အသားအရေကပိုကြည်လင်လာကာ အစိမ်းရောင်သွေးကြောလေးများကိုပင်မြင်တွေ့နေရသည် သူမဝတ်နေတဲ့အဝါနုရောင်ဝတ်ရုံလေးနှင့်ပနံသင့်လှသောအခါ ယူရီမှာ သူ့ပခုံးကဒဏ်ရာကိုပင်မေ့သွားလေပြီ ဒါပေမဲ့ သူကမူနေရသူမို့ ချက်ချင်းကြီးလဲချဉ်းကပ်မသွားရဲ သူရဲ့ဆန္ဒကလဲထကြွနေပေပြီ ကျဉ်းထဲကျပ်ထဲကိုခနခနရောက်တတ်တဲ့သူ့ကိုယ်သူပဲအပြစ်တင်ရတော့မယ်
ယူရီက စိတ်ညစ်စွာနဲ့အခန်းထောင့်နားမှာပေကပ်ပြီးသာရပ်နေမိသည် ဝိုလျန်းက သူတော်စင်အလင်းကိုပစ်လွှတ်ပြီးပခုံးကဒဏ်ရာကိုကုသပေးလိုက်ပြီး အပြင်ထွက်ဖို့လုပ်လိုက်တော့တယ်
ထိုသိုလုပ်လိုက်တာနဲ့သူမခါးနားကတင်းကျပ်တဲ့အထိအတွေ့ကိုရလိုက်ပြိး သူမပခုံးပေါ်လေးခနဲဖြစ်သွားပြီး သူမရဲ့နားတဝိုက်ကလဲလေနွေးနွေးလေးများနှင့်ပြည့်နှက်သွားလေတော့တယ် ယူရီကသူမခါးကိုဖက်ထားပြီး ပခုံးပေါ်ခေါင်းတင်ထားကာ ရှူထုတ်လိုက်တဲ့လေနွေးနွေးလေးများကသူမကိုရင်ခုန်စေပြီး အထူးသဖြင့်သူမရဲ့ကျောပြင်တနေရာကမာကျောကျောနဲ့တစုံတရာကသူမကိုအေးခဲလို့သွားစေတယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...