အပိုင်း(91) လုပ်ကြံခြင်း
နေ့ရက်များတရက်ပြီးတရက်ကုန်လွန်သွားကြပြီ ကူးလင်းတောင်တန်းကရယ်သံတွေတိတ်ဆိတ်ကာ အသက်မဲ့နေသော်လည်းပဲ ဘာမှမသိတဲ့သူတွေအဖို့ကတော့ နေ့ရက်တိုင်းကိုပျင်းရိစွာဖြတ်သန်းနေကြသူများရှိသလို တက်ကြွစွာရုန်းကန်နေသူများလဲရှိကြတယ်
ဒါအမှန်ပါပဲ ကျင့်ကြံခြင်းရှန်းရှလောကနဲ့မဆိုင်သူများဟာ သူတို့စိတ်ပူရမဲ့အရေးရှိသလို ပျော်ရွင်စွာနဲ့လဲလွပ်လပ်နိုင်တယ်လေ
ရှန်းရှကမ္ဘာကတော့ ကျင့်ကြံအားထုတ်မူ့များမှ အောင်မြင်မှာဖြစ်တာကြောင့် အမြဲတမ်းလိုလိုတိတ်ဆိတ်နေတတ်ပါတယ်
"ရှောင်လျန်းအာ"
ပြတင်းကနေ အပြင်ကိုငေးနေတဲ့ ဝိုလျန်းသူမရဲ့အထီးကျန်လွမ်းဆွတ်နေတဲ့မျက်ဝန်းများကိုသိမ်းဆည်းလိုက်ပြီး နှုတ်ခမ်းများကိုအသာလေးတွန့်ကွေးလိုက်ပါတယ်
"ဖေးဟုန်"
လီဖေးဟုန်တယောက် ခုရက်ပိုင်းထဲပျော်ပျော်ရွင်ရွင်ဖြစ်နေပါတယ်
အကြောင်းအရင်းက ဝိုလျန်းတယောက် သူ့ကိုလက်ခံကာ ပြုံးပြလာတတ်ပြီး သူ့ရင်ခွင်မှာခိုနားလာတတ်လို့ပါပဲ တနည်းပြောရရင် သူမသူ့အချစ်ကိုလက်နက်ချကာအညံ့ခံလိုက်ပြီလေ"ကိုယ့်ကိုမလွမ်းဘူးလား ခနလေးခွဲရတာတောင်မှပဲသေလောက်အောင်လွမ်းနေတာ "
ဝိုလျန်းကိုခါးမှသိုင်းဖက်လိုက်ပြီး သူရဲ့မေးတို့ကို သူမရဲ့ပခုံးပေါ်တင်ကာမှေးမှီလိုက်တယ်
ဒါကြောင့် သူမရဲ့ဒေါသရောင်တောက်နေတဲ့မျက်ဝန်းများကိုမမြင်ရတော့ပေ
"အင်း လွမ်းတာပေါ့ "
"လာ ကိုယ်တို့ဥယျာဉ်ထဲသွားရအောင် "အခုရက်ပိုင်းတွေမှာ လီဖေးဟုန် လွပ်လပ်စွာရယ်မောတယ် သူရဲ့အပြုံးချိုချိုနဲ့ ခန့်ညးလှတဲ့မျက်နှာထက်က ပါးချိုင့်လေးကိုလဲအမြဲမြင်ရတတ်လို့ သူဟာဘယ်တုန်းကမှ သွေးအေးလူသားမဖြစ်ခဲ့ဖူးတဲ့အတိုင်း
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...