76.မင်းကမိန်းကလေးလား

2.1K 142 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(76) မင်းကမိန်းကလေးလား

တဆင့်ပြီးတဆင့်ဖြတ်ကျော်လာလိုက်တာ နောက်ဆုံးတော့ အဆင့်တစ်ကနေငါးနေရာကိုလုယူဖို့ဖြစ်လာပါတော့တယ်

"ပန်းနက်ဂိုဏ်း စုစု အမှောင်လွင့်‌ေမျာခြင်းဂိုဏ်း ကျုံကွေ့ရှောင် "

ကွေ့ရှောင်က အသားဖြူဖတ်ဖြူရော်နဲ့ သရဲမျက်နှာလိုမျိုးမျက်နှာသေနဲ့ပါ

"မိန်းမလှလေးနဲ့သိုင်းဖလှယ်ချင်တာကြာပါပြီ အခုလိုမျိုးကြုံကြိုက်လိုက်ရတော့ ကျုပ်ဆုတောင်းတွေပြည့်ပြီလို့ပြောရပါမယ် "

ဝိုလျန်းက ဘာမှမပြော သူမက ကျံုကွေ့ရှောင်ရဲ့ခန္ဒာကိုယ်ကထွက်တဲ့အနံ့ကိုမုန်းလို့နေပါတယ် ပျို့အန်ချင်နေတဲ့စိတ်ကိုမနဲထိန်းထားနေရပြီး မသက်မသာဖြစ်နေတဲ့ပုံပေါ်နေတာပါ

စုစုကိုစောင့်ကြည့်နေကြတဲ့အကြီးအကဲများလဲ ဝိုလျန်းရဲ့မသက်မသာဖြစ်နေတဲ့ပုံကိုသတိထားမိကြပြီး စိတ်ပူပန်နေကြပါပြီ သူတို့သာသေရင်သေလို့ရမယ် သူတို့ရဲ့ဆက်ခံသူကဘာမှဖြစ်လို့မရဘူးလေ

အဲ့ဒါကြောင့် ဝိုလျန်းအကူအညီလိုရင် ဘာကိုမှဂရုမစိုက်ပဲကူညီဖို့အဆင်သင့်ပြင်ထားကြပါတယ်

ယူရီကတော့ အေးစက်တဲ့မျက်နှာဘေးကိုသာချိတ်ဆွဲထားပြီး ဝိုလျန်းကိုသာအာရုံစူးစိုက်ထားပါတယ်

"မိန်းမလှလေးမျက်နှာမကောင်းပါလား နေများမကောင်းဘူးလား ဒါပေမဲ့စိတ်မပူပါနဲ့  ကျုပ်ကမိန်းကလေးတယောက်ကိုအကြမ်းပတမ်းမလုပ်တတ်ပါဘူး "

ပြိုင်ပွဲကိုမြန်မြန်ပြီးဆုံး‌ချင်နေတာကြောင့် ဝိုလျန်းက အားတင်းပြုံးလိုက်ကာပြောလိုက်ပါတယ်

"စလိုက်ကြရအောင်"
"မင်းကိုမျက်နှာသာပေးပြိးစကားပြောတာကို မင်စကလာကြီးကျယ်ပြနေတာပဲ ကောင်းပြိလေ ငါ့ရဲ့ရုပ်သေးစွမ်းအားတွေကို‌ခံစားကြည့်လိုက်ဦး"

ကျုံကွေ့ရှောင်က သူရဲ့လက်ဟန်များကိုထူးခြားစွာ‌‌ေဝှ့ရမ်းလိုက်ပြီးနောက် တခနတွင်းမှာပဲ ကောင်းကင်တခုလုံးရုပ်သေးရုပ်များနဲ့ပြည့်နှက်သွားပါတယ် အရင်ပွဲတွေတုန်းကလဲ ကျုံကွေ့‌ေရှာင်ဟာ သူ့ပြိုင်ဘက်တွေကို ဒီသိုင်းကွက်နဲ့ပဲအနိုင်ယူလာခဲ့တာပါ အဲ့ဒါကြောင့် ဝိုလျန်းကိုလဲအနိုင်ယူနိုင်မယ်လို့ထင်နေတာပါ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now