65.ဒီပေးဆပ်မူ့ကတန်တယ်

2.4K 144 2
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(65) ဒီပေးဆပ်မူ့ကတန်တယ်

"လျန်းအာ"
"သခင်မ"

ဝိုလျန်းမှာကြမ်းပြင်တွင်ဟိုဖက်ဒိဖက်လူးလှိမ့်နေရတယ် သူမအရမ်းနာကျင်ကိုက်ခဲနေပါတယ် သူမရဲ့ကလေးလေးတခုခုဖြစ်မှာစိုးတဲ့စိတ်က သူမကိုပိုလို့ပူလောင်စေပါတယ် ဒါပေမဲ့လဲ မတတ်နိုင်စွာပဲသူမမှာနာကျင်လွန်းတာကြောင့်လူးလှိမ့်နေရုံအပြင်မတတ်နိုင်ပါဘူး

"အားးးး အားးးး"

"သမားတော် သမားတော်ခေါ်ရမယ် ချန်းလေးသမားတော်ခေါ်ပေး သမားတော်သွားခေါ် လျန်းအာ လျန်းအာ အားတင်းထား အားတင်းထားနော် ကိုယ်ဘေးမှာရှိတယ် စိတ်မပူနဲ့

နေဦး နေဦး သမားတော်ခေါ်လိုက်ရင် သူတို့ကသေချာပေါက် ပျက်ကျအောင်လုပ်လိမ့်မယ်

ငါချီစွမ်းအင်ထည့်ပေးလိုက်ရင်ရော မဟုတ်သေးဘူး မဟုတ်သေးဘူး ငါကမီးနဲ့ရေဆိုတော့ လျန်းအာကိုပိုနာကျင်စေလိမ့်မယ်

ချန်းလေး ချန်းလေးကရော သမားတော်ပဲမလား ဟုတ်တယ် သမားတော်ပဲ‌ကယ်နိုင်မှာ ချန်းလေး လျန်းအာကိုကယ် အခု
ကယ်ပေး ကယ်ပေး လျန်းအာကိုကယ်ပေးပါ "

ချန်းလေးကမျက်ရည်တွေနဲ့‌ပျာယာခတ်နေပြီး သူမကိုယ်တိုင်ကသမားတော်ဆိုတာကိုမေ့နေခဲ့တာ

ယူရီပြောမှပဲသူမပြန်အသိဝင်လာပြီး သွေးကြောစမ်းမိတယ် ဒါပေမဲ့သူမဘာမှမတတ်နိုင်ခဲ့ပါဘူး သူမကသာမာန်သမားတော်ပဲဖြစ်လို့ အခုလိုမျိုးပြသနာကိုသူမမဖြေရှင်းနိုင်ဘူး

သူ့သခင်မဖြစ်နေတဲ့ပြသနာက စွမ်းအင်ကိုအဆိပ်ခတ်ခံရတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ကိုယ်ဝန်ပါပျက်ကျခါနီးဖြစ်နေတဲ့အခြေအနေမျိုးပါ

"နူပိ နူပိ မတတ်နိုင်တဲ့ကိစ္စပါအရှင် နူပ်အသုံးမကျပါဘူး နူပိကိုသတ်လိုက်ပါ နူပိသေသင့်ပါတယ် "

"သေရမယ် သေကိုသေရမယ် မင်းရော ငါ့လျန်းအာကိုလုပ်ကြံဝံ့တဲ့သူကိုရော ငါ့လျန်းအာနဲ့ငါ့ကလေးလေးသာတခုခုဖြစ်ခဲ့ရင် အကုန်သေရမယ် အကုန်သတ်ပစ်မယ် တယောက်မှမးအရှင်မထားဘူး မလွတ်စေရဘူး အကုန်သတ်ပစ်မှာ "

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now