41.စကြာဝဠာပြည့်စုံအဆင့်
ယူရီပန်းချီဆွဲလို့ပြီးသွားတော့ ဝိုလျန်းက တံခါးလေးကိုမှီလို့အိပ်ပျော်နေပြီ
သူမအိပ်နေတဲ့ပုံလေးကအရမ်းကိုချစ်ဖို့ကောင်းတာကြောင့် ယူရီမပြုံးပဲမနေနိုင်လိုက်ဘူး မနေ့ညကလဲသူသောင်းကျန်းထားတာတွေကြောင့် ပင်ပန်းနေတာလား ဘာပဲဖြစ်ဖြစ်သူရဲ့လျို့ဝှက်တတ်လွန်းတဲ့လီဖေးလေးကအရမ်းကိုဆွဲဆောင်မူ့ရှိနေတာဆိုတော့ သူလဲစိတ်မထိန်းနိုင်လိုက်ဘူးလေ
သူထပြီး သူရဲ့လီဖေးလေးကိုကောက်ချီလိုက်ပြီ သလွန်ထက်မှာချလိုက်ကာ သူပါရောပြီး စက်တော်ဝင်လိုက်တော့တယ်
သန်းခေါင်ရောက်တော့ယူရီနဲ့ဝိုလျန်းအိပ်စက်နေတဲ့သလွန်နားကိုလူစိမ်းတယောက်ချဉ်းကပ်လာခဲ့ပါတယ် သူရဲ့ခြေသံကလုံလွန်းလို့ အဆင်မြင့်လုပ်ကြံသမားဆိုတာကိုသိနိုင်လေတယ် အဲ့ဒီလူကတကိုယ်လူံးကိုအနက်ဝတ်ထားပြီး မျက်နှာကိုလဲ မျက်လုံးနေရာကလွဲလို့အကုန်လုံးကိုဖုံးအုပ်ထားတယ်
သူကအိပ်ပျော်နေတဲ့ ဝိုလျန်းရဲ့လက်တလျောက်ကိုအသာလေးပွတ်သပ်နေပြီး သူရဲ့မျက်ဝန်းကဘာတွေတွေးနေလဲဆိုတာပေါ်လွင်နေလေတယ် ဒါပေမဲ့ ဘေးနားကယူရီကိုတချက်ကြည့်လိုက်ပြီး ပွတ်သပ်နေတဲ့ လက်ကိုပြန်ရုတ်လိုက်ကာ
"မင်းလေး အခုတော့ကောင်းကောင်းပျော်ထားပေါ့ ဟုတ်ပြီလား ကိုယ့်ဆီရောက်လာတဲ့အခါမှာတော့ ဒီလိုအရှုပ်တွေကိုထားခဲ့ရမယ် "
အဲ့ဒီလူက သလင်းကျောက်အဆောင်ကိုသူ့အိမ်သူ့ရာလိုအေးအေးဆေးဆေးလှည့်ပတ်ကြည့်နေပြီး တချို့ပစ္စည်းတွေကိုတောင်ကိုင်တွယ်ကြည့်လိုက်သေးတယ်
ဝိုလျန်းကတကယ်တော့ သူဝင်လာကတည်းကနိုးနေပြိးသား အရင်တခါကလိုပဲသူမရဲ့စိတ်အာရုံနယ်မြေထဲက နဂါးလေးကသူမကိုနိုးပေးတာကြောင့်ဖြစ်တယ် အရင်တခေါက်ကလိုပဲ အခုလဲသူမလှုပ်ချင်ပေမဲ့ တောင်တလုံးလိုမျိုးကြီးမားတဲ့ဖိအားတခုကတည်ရှိနေတာကြောင့် လှုပ်လို့မရဘူး
အဲ့ဒီလူက ဒီအခန်းထဲမှာ အေးဆေးနေနိုင်တာလဲမပြောနဲ့လေ သူရဲ့ကျင့်ကြံဆင့်ကတကယ့်ကိုမြင့်တာ သူမဘယ်လောက်ကြိုးစားကြိုးစားလက်ကလေးတချောင်းတောင်မရွှေ့နိုင်ဘူးလေ အဲ့ဒီလူပြောတဲ့စကားလုံးတွေကြောင့်တိုက်ရိုက်မေးလိုက်ချင်ပေမဲ့လဲ အဲ့ဒီလူဟာသူမနဲ့ရင်ဆိုင်ချင်စိတ်မရှိသလို စကားလဲပြောချင်တဲ့ပုံမပေါ်ပါဘူး ကြောင့်ကြီးမားတဲ့ဖိအားမျိုးကိုလွတ်ထားတာပေါ့ အဲ့ဒီလူက သူပြောချင်ရာတွေပြောပြီး ခနကြာတော့ အမှောင်ထဲကိုခုန်ချကာပျောက်ကွယ်သွားတော့တယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...