35.ဖျားနာနေသောရေနက်ပင်
ရေတိုင်းပြည်။
ပုလဲနက်ခန်းမ။ပုလဲနက်ခန်းမတွင်လူကြီးလေးယောက်နှင့်လူရွယ်နှစ်ယောက်အစည်းအဝေးထိုင်နေကြသည် လူကြီးနှစ်ယောက်ကအနီဝတ်စုံဝတ်ထားပြီး အနီရောင်ကရေတိုင်းပြည်ရဲ့အကြီးအကဲဝတ်ရုံဖြစ်သည် နောက်တယောက်ကအပြာဝတ်ရုံကိုဝတ်ထားပြီး သူကရေဘုရင်ရဲ့ဆရာဖြစ်သူယဲ့ဖိုးဖိုးဖြစ်သည် နောက်တယောက်ကအနက်ဝတ်ရုံကိုဝတ်ထားပြီး သူကတော့နတ်ဆေးဆရာဖြစ်သည် လူရွယ်တယောက်ကအဖြူရောင်ဝတ်ရုံကိုခြုံထားပြီး နဂါးပါသောဆံထိုးထိုးထားကာ ပုလဲနက်များဖြင့်မွမ်းမံထား၏ ထိုသူကရေဘုရင်ဖြစ်သည် နောက်လူရွယ်တယောက်ကတော့ရေဘုရင်၏ကိုယ်ရံတော်ဖြစ်သည် သူကအနက်ရောင်ဝတ်စုံရိုးရိုးလေးကိုဝတ်ဆင်ထားလေသည်
သူတို့စုစည်းနေသည့်အကြောင်းအရင်းတချက်ကရေတိုင်းပြည်ကမကြာခင်မှာကွယ်ပျောက်လုနီးပါးဖြစ်နေသောကြောင့်ပင် ရေပင်လယ်မှာခန်းခြောက်လုနီးပါးဖြစ်နေပြီး အဲ့ဒီမြစ်ကိုစောင့်ရှောက်နေတဲ့ရေနက်ပင်ရဲ့အစောင့်ကလဲနာမကျန်းဖြစ်နေသည်
ရေနက်ပင်ဆိုတာကသူတို့ရေပင်လယ်မှာအရေးအကြီးဆုံးအစောင့်အရှောက်ပဲ သူကအဆင့်8သာရှိတဲ့အပင်ဆိုပေမဲ့ သူစောင့်ရှောက်ပေးနေလို့ရေပင်လယ်ကအမြဲတမ်းချမ်းသာနေတာ ဟိုတနှစ်က ရုတ်တရက်ကြီးသူတို့ရေပင်လယ်ဟာခန်းခြောက်လာခဲ့တယ် အဲ့ဒါကြောင့်စူံစမ်းကြည့်လိုက်တော့ ရေနက်ပင်ရဲ့သဘာဝရင်းမြစ်ကအားနည်းနေပြီး အပင်ရဲ့အစောင့်အရရှောက်ကလဲနာမကျန်းဖြစ်နေပြီ သူ့ကိုပြန်ကုသဖို့က နှစ်တထောင်ကြာပန်းနဲ့သူတော်စင်အလင်းကိုလိုတယ် နှစ်တထောင်ကြာပန်းဟာ နဂိုထဲကရေတိုင်းပြည်ပိုင်နက်ထဲမှာရှိတာကြောင့်ရဖို့လွယ်ပေမဲ့ သူတော်စင်အလင်းကတော့မရနိုင်ဘူး အဲ့တာကြောင့်ရေဘုရင်ကိုသူတို့အပြင်လောကကိုလွှတ်လိုက်ကြရတယ် ဖြစ်ချင်တော့ ရေဘုရင်က ရေတိုင်းပြည်ရဲ့ဘုရင်မကိုရှာဖွေတွေ့ရှိလာပြီး ပြီးတော့ သူမကလဲသူတော်စင်အလင်းကိုပိုင်ဆိုင်တဲ့သူတော်စင်အလင်းကုသသူဖြစ်နေခဲ့တယ် ဒါပေမဲ့ သူမရဲ့နေမကောင်းဖြစ်မူ့နဲ့လမ်းခရီးမှာအနှောင့်အယှက်တွေ့မူ့တွေကြောင့် သူမရဲ့သူတော်စင်အလင်းကမတည်ငြိမ်သေးဘူး ရေဘုရင်မကတော့ရောက်ရောက်ချင်းကူညီဖို့လုပ်ခဲ့ပေမဲ့လဲ သူမကိုယ်တိုင်ကအနားယူဖို့လိုနေသေးတာကြောင့် သူတို့စိုးရိမ်စွာစုဝေးနေကြရခြင်းပဲဖြစ်တယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...