❄Christmas Special❄

22.5K 2.3K 325
                                        

"ဘွား...ဘွား...မီးမီးကို ခရစ္စမတ်လက်ဆောင်ဘာပေးမှာလဲ"

ဒေါ်သက်ထားသွင်ပေါင်ပေါ်၌ထိုင်ကာ ကာတွန်းကားကြည့်နေသော သမီးလေး သံလွင်ရှိုင်း၏ အမေးဖြစ်သည်။

"ဘွားဘွားတို့က ခရစ္စမတ်မလုပ်ဘူးလေကွယ်....ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်မြေးလေးရဲ့"

အဘွားဖြစ်သူ၏ အဖြေကို သဘောမကျသော သံလွင်ရှိုင်းသည် အဖေဖြစ်သူ ရှိုင်းသွင်ကို လှမ်းကြည့်သည်။ ရှိုင်းသွင်ကလည်း သမီးဖြစ်သူအကြောင်းသိသောကြောင့် ပြုံးပြီးကြည့်နေပြီးသားပင်....။

"ဒယ်ဒီက မီးမီးကိုပြောတာ အဲ့လိုဟုတ်ဘူး"

"ဟုတ်လား...ဒယ်ဒီက ဘယ်လိုပြောတုန်း"

ရှိုင်းသွင်က သူ့ဆီလာဆိုသည့်သဘောဖြင့် လက်ကမ်းပြတော့ သံလွင်ရှိုင်းသည် အဘွားဖြစ်သူဆီမှ ဆင်းလိုက်ပြီးလျှင် ရှိုင်းသွင်ဆီပြေးလာသည်။

"ဒယ်ဒီက Christmasဆိုတာ လူတိုင်းအတွက်ပျော်စရာနေ့တဲ့"

ရှိုင်းသွင်သည် သံလွင်ရှိုင်းလေးအား ချီထားလိုက်ပြီး တွေးစရာကရှိသွားတော့သည်။ မင်းဒသ၏ ယုံကြည်သက်ဝင်သော ဘာသာတရားကို သူမသိ။ သူများသာသိရင်တော့ ရယ်စရာဖြစ်ကုန်မည်။ မင်းဒသကို ဘာသာမဲ့တစ်ယောက်ဟုသာ ရှိုင်းသွင်အထင်ရှိတာဖြစ်သည်။ အထင်ရှိအောင်လည်း မင်းဒသက ဘာသာရေးဆို ဘယ်ဘာသာရေးမှမလုပ်။

မင်္ဂလာဆောင်တုန်းကလည်းရှင်းသည်။ လက်ထပ်လက်စွပ်ဆင်တူဝတ်ပြီး ပါတီလုပ်လိုက်သည်။ ဘာအတည်ပြုချက်မှမပါ။ သက်သေပြစရာဆိုလို့ ဆင်တူလက်စွပ်နှစ်ကွင်းသာရှိသည်။

"ဖေဖေ....အိမ်ပြန်ချင်တယ်"

"ဟင်...ဘာလို့တုန်းသမီးရဲ့...မနက်ကပဲ သမီးက ဘိုးဘိုး ဘွားဘွားနဲ့ အိပ်ချင်လို့ လိုက်ပို့ဆို"

"ဒယ်ဒီကတစ်ယောက်တည်းသနားပါတယ်...."

သံလွင်ရှိုင်းတစ်ယောက် ထိုသို့ပြောပြီး ရှိုင်းသွင်ရင်ခွင်ထဲ၌ ဂျီတိုက်တော့သည်။ အဘိုးနှင့် အဘွားဖြစ်သူလည်း မြေးလေးဂျီတိုက်နေတာမြင်ပြီး မတတ်နိုင်တော့။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now