(၃၇)

29.8K 3.5K 235
                                    

ရဲဌာနများအလုပ်ရှုပ်ရသည့်အချိန်ကျလေပြီ။

ကျောက်တံတားမြို့နယ်တွင် ဆေးခြောက်ရောင်းဝယ်သူ အယောက်၂၀ကို ဖမ်းမိထားသော်လည်း ယခုအချိန်ထိ ဝရုန်းသုန်းကား အခြေနေများသည် မငြိမ်ကျသွား...။

မရမ်းကုန်းမြို့နယ် ရပ်ကွက်များတွင် ဆေးပြားအလဲလှယ်များတွေ့ရသော်လည်း နောက်ကွယ်၌ ရှိနေသူကို ယခုထိအစဖော်မရသေး...။

ဟော...ဒီလိုအမှုတွေ အမီလိုက်နေရတုန်း လှိုင်သာယာကြောတစ်လျှောက်၌ရှိသည့် ရဲစခန်း၃ခုကို နေ့ခင်းဘက် အနုကြမ်းဝင်စီးကာ ပစ်ခတ်သွားပြန်ပြီတဲ့။

"ခွန်နဝီဆီက ဘာကြားသေးလဲ"

မင်းဓန fileအချို့ကို လှန်ကြည့်နေရင်းမှ အလုပ်သင်တစ်ယောက်ကို လှမ်းမေးမိသည်။

"ဘာသတင်းမှကို မကြားရတာ ဆရာ...ရဲတွေ အခုတလော အလုပ်တွေများနေတယ်လေ"

"အင်း...စိုးရိမ်မိတယ်...အဲ့အလုပ်တွေကနေ ခွန်နဝီဆီ တစ်ခုခုဖြစ်လာမှာကို"

"ဘာဖြစ်လာမှာလဲ ဆရာ"

"ဘာဖြစ်လာရမလဲ...ခွန်နဝီဆိုတာ သူ့မိတ်ဆွေတွေက နိုင်ငံရေးအသိုင်းအဝိုင်းကချည်းပဲ...အခုလက်ရှိဖြစ်နေတာတွေကလည်း ဆေးမှုတွေချည်းပဲ...စဉ်းစားကြည့်လေ"

"အာ...ခွန်နဝီ ထောင်မကျဘဲ လွတ်တော့မှာကို ပြောတာလား"

"အင်း...အဲ့ဒါပြောချင်နေတာ...ရဲတွေကို သနားမိတယ်...သူတို့ အဲ့အမှုတွေ ဘယ်တော့မှ လိုက်လို့မိမှာမဟုတ်ဘူး...လာတာက အတွင်းဘက်တွေချည်းကပဲ...မိရင်တောင် ဟုတ်ကဲ့ တောင်းပန်ပါတယ်ဆိုပြီး ပြန်လွှတ်ပေးရမယ့် အကွက်တွေ"

"ဒါဖြင့် ဘာလို့လိုက်ဖမ်းနေသေးတာလဲနော်"

"ရမလား...အကုန်လုံး ဆူဆူညံညံတွေဖြစ်လာမှာပေါ့...ပြည်သူတွေက ငတုံးတွေမို့လို့လား...ဟန်ပြရသေးတယ်လေ...ကျီးလန့်စာစားပြီး အဲ့ကျီးစာကိုပဲ အယောင်ပြလိုက်ဆွဲနေရတဲ့အဖြစ်"

"ရှုပ်ထွေးလိုက်တာနော်"

"အေး...အဲ့ဒါ နိုင်ငံရေးပဲ...ငါတို့ S-8တွေလည်း အတူတူပဲ...နိုင်ငံတော်ကာကွယ်ရေးသာ လုပ်ပေးနေရတာ...ဟိုဟာမထိနဲ့ဆို မထိရဘူး...ဒါလည်း မလုပ်နဲ့ဆို မလုပ်ရဘူး...ရဲနဲ့ နိုင်ငံတော်ကာကွယ်ရေးဆိုပြီးပဲ အဆင့်ခြားသွားတာ...တကယ်တော့ မြေပဲကြားညှပ်နေတဲ့ ဆားချင်းအတူတူပဲ"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now