တနင်္လာနေ့သို့ တစ်ကျော့ပြန်လည်လာသောကြောင့် ကျောင်းသို့သွားရန် ပြင်ဆင်ရပေဦးမည်။ ကားကလည်း မရှိသောကြောင့် busစီးရမည်ဆို၍ နည်းနည်းစောစောထရသည်။
ရှိုင်းသွင် ရေမိုးချိုးပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတော့ ဒေါ်သက်ထားသွင်၏ phပြောနေသံကို ကြားရသည်။ ထမင်းစားခန်းဆီကိုပဲ တန်းတန်းသွားလိုက်ပြီး စားပွဲခုံတွင် အသင့်ရှိနေသည့် ပေါင်မုန့်ထောပတ်သုတ်နှင့် နွားနို့တစ်ခွက်ကို အေးအေးလူလူထိုင်စားနေမိသည်။
ခဏကြာမှ ယံယံနှင့် မေမေက ထမင်းစားခန်းထဲ အတူပြန်ဝင်လာကြသည်။ အခုတော့ ယံယံကို ကျောင်းပို့ရသည့်တာဝန်သည် မေမေဖြစ်သွားချေပြီ။
"သားတို့ဖေဖေ ဒီနေ့ပြန်ရောက်မယ်တဲ့...အလုပ်ကလည်း သိပ်အဆင်မပြေဘူး ထင်ပါတယ်...အသံနားထောင်ရတာ သိပ်မကောင်းဘူး"
"နေရောကောင်းရဲ့လား"
"နေကတော့ ကောင်းပါတယ်တဲ့...အလုပ်ရဲ့ ဖိစီးမှုတွေ ပိနေတာ ဖြစ်မယ်တဲ့"
သားအမိသုံးယောက် မနက်စာအတူစားနေစဉ် အိမ်ရှေ့တံခါးပွင့်သံနဲ့အတူ အသံဆာဆာကိုပါကြားလိုက်ရသည်။
"တီသွင်ရေ...သမီးလာတယ်ဝေ့"
အရိပ်မ ဘယ်လိုရောက်ချလာမှန်းမသိ...ကျွန်တော်တို့ဆီကို အပြေးအလွှား ရောက်လာသည်။
"ဟယ်...သမီး...လာ ထိုင်၊မနက်စာ စားလာခဲ့ပြီလား၊ ဒီမှာ ဝင်စားပါဦး"
"စားလာခဲ့ပြီ..ဒါပေမယ့် ထပ်စားမယ်...ဟီး"
အရိပ်က ကျွန်တော့်ပန်းကန်ထဲက စားလက်စ ပေါင်မုန့်ကို ဆွဲယူစားပြီး ကျွန်တော်သောက်လက်စ နွားနို့ကိုပါ သောက်သည်။
"အော်...အသစ်ယူစားပါလားဟ"
"နင့်ဆီကပဲ စားချင်တာကို...ငါက နင်busနဲ့သွားရမှာစိုးလို့ တကူးတက လာခေါ်တာနော်..ဟွန့်"
"ကျွန်တော့်ကိုပါ ကျောင်းလိုက်ပို့်ပါလား"
ယံယံက ပြုံးစိစိဖြင့် ဝင်ပြောသည်။ မေမေကတော့ ယံယံ့ကျောကို အသာပုတ်လိုက်ကာ....
"မေမေ လိုက်ပို့မှာလေ...ဘယ်လိုဖြစ်လို့ သူများကို လိုက်ပို့ခိုင်းနေတာလဲ"
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
DiversosDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
