2nd Christmas Day

7.1K 375 82
                                        

"Merry Christmas"

မနက်စောစော ခပ်တိုးတိုး ဝင်လာသည့် နှုတ်ဆက်သံလေးကြောင့် မင်းဒဿ ပြုံးမိသွားသည်။

"ဖေဖေရော...."

ဘေး၌ ရှိမနေသော ရှိုင်းသွင်ကြောင့် အနီးရှိကျားသစ်ပေါက်စလေးကိုပဲ မေးရဦးမည်။ ထိုကျားသစ်ပေါက်စလေးကတော့ မင်းဒဿ၏ ရင်ခွင်ထဲ အတင်းတိုးဝင်ကာ နှုတ်ခမ်းလေးစူပြီး မော့ကြည့်နေသည်။

"ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ ဒယ်ဒီ့ကို"

"ဒယ်ဒီက မီးမီးပြောတာကို ဘာမှပြန်မပြောဘူး....အမြဲ ဖေဖေ့ကိုပဲ မေးနေတာပဲ"

သံလွင်ရှိုင်း၏ ချက်ကျလက်ကျအပြောခံရမှုကို ထိသွားသော မင်းဒဿတစ်ယောက် အော်ရယ်လိုက်ရရုံမှအပ မတတ်နိုင်။

"ဒယ်ဒီက ဖေဖေ့ကို အရမ်းချစ်တာလား"

"သမီးက ဘယ်လိုထင်လဲ"

မင်းဒဿသည် သမီးဖြစ်သူ၏ နှာခေါင်းပိစိလေးကို သူ့နှာခေါင်းနှင့်ပွတ်ရင်း မေးလိုက်သည်။

"တီတီ ဧကရီကတော့ပြောတယ်....ဒယ်ဒီက ဖေဖေ့ကို ခဏခဏ ငိုအောင်လုပ်တယ်တဲ့၊ အဲ့ဒါကြောင့် အခု အရမ်းချစ်နေတာတဲ့....."

သမီးဖြစ်သူက စကားကို လေသံမသိမ်းသေးသောကြောင့် မင်းဒဿစိတ်ဝင်တစားဖြင့် ဆက်နားထောင်နေလိုက်သည်။ အတတ်ကလေးကတော့ သူ့လက်ညှိုးလေးကို ပါးပေါ်တင်ပြီး တွေးနေသေးတာ....။

".....မီးမီးအထင် ဖေဖေက အရမ်းချစ်တာပါ၊ ဒယ်ဒီမဟုတ်ဘူး"

မင်းဒဿ၏ အလိုမကျမှုက မျက်ခုံးတွေမှာ အထင်းသားပေါ်သွားပြီ ဖြစ်သည်။ သံလွင်ရှိုင်းကိုလည်း မှင်သက်ပြီး စိုက်ကြည့်နေမိ၏။

"ဒယ်ဒီ....မီးမီးကို အဲ့လိုမကြည့်နဲ့"

"ဆောရီး....ဆောရီး....ဒယ်ဒီ အံ့ဩသွားလို့ပါ"

မင်းဒဿ စိတ်တိုလျှင် ဘယ်လိုအကြည့်ရှိသည်ဆိုတာ သံလွင်ရှိုင်းသိသဖြင့် သူ့ဒယ်ဒီ၏အကြည့်က ဘာသဘောဆိုတာ သူ(မ)ခပ်ရေးရေး သဘောပေါက်သည်။

"ဒယ်ဒီက ဖေဖေ့ကို အရမ်းမချစ်ဘူးလို့ ဘာကြောင့်ထင်ရတာလဲ"

"ဖေဖေက ဒယ်ဒီ့ထက်အရင်ထပြီး မနက်စာပြင်ပေးတယ်လေ၊ ဒယ်ဒီ့အတွက်ဆိုပြီးပဲ ဟင်းတွေချက်ကျွေးတာလေ.....နောက်ပြီး ဖေဖေက ဒယ်ဒီ့ကို အမြဲကြည့်နေတတ်တာ...."

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now