ဘယ်သူမှမမေးလည်း အမေးဖြေလုပ်ချင်လာလို့ပါ။
Comment and feedback လေးတွေ အခုတလော အရမ်းများလာတာကို သတိထားမိပြီး ရေးချင်လာလို့ပါ၊ နောက်ပြီးလည်း Red ရဲ့ နောက်ထပ်ရေးမယ့် ဇာတ်ကောင်တွေ၊ ဇာတ်လမ်းသွားလာပုံတွေကို ခန့်မှန်းနိုင်အောင်ပါ။
ဘယ်သူ့ကိုမှ Red နဲ့ အမြင်တူဖို့ မတိုက်တွန်းပါ၊ ကွဲထွက်နေသော အိုင်ဒီယာမှန်သမျှကို သဘောကျတဲ့အကြောင်း အသိပေးရင်းနဲ့ အတွေ့များတာလေးတွေကို အမေးဖြေသဘော ရေးပြချင်ပါတယ်။ အခြား စာရေးသူတွေ လုပ်သလိုမျိုးပါပဲ။ Redကတော့ စကားပြောတာ တည့်တိုးဆန်ပြီး ပွင့်လင်းတာမို့ ကန့်လန့်ဖြစ်စေမယ့် အသုံးနှုန်းလေးတွေများ ဖတ်မိရင် အခုတည်းက မေတ္တာရပ်ခံကြိုအသိပေးပါတယ် ❤️
_________________________________
Q : ဇာတ်လမ်းပါ အဓိကဇာတ်ကောင် မင်းဒဿက ဘာလို့ Linnဆိုတဲ့ကောင်လေးနဲ့ Sex Partner အရင်ဖြစ်ခဲ့လဲ
A : Redသည် ၁၀၀% ဖြူစင်ရိုးသားနေတဲ့ ဇာတ်ကောင်တွေဖန်တီးရတာ မကြိုက်ပါဘူး၊ ဘာကြောင့်လဲဆိုရင် လူတွေဟာ ဘယ်တော့မှ ၁၀၀% မရိုးသား၊ မဖြူစင်ပါဘူး။ Red ဇာတ်ကောင်တွေကို တကယ့်အပြင်ကသူတွေနဲ့ အနီးစပ်ဆုံးတူစေချင်ပါတယ်။
ဥပမာ ကိုယ်တိုင် ချစ်သူရည်းစားထားတဲ့ပုံစံမျိုးနဲ့ အရင်တွေးကြည့်ပါ၊ Ex-boyfriend, ex-girlfriend or maybe friends with benefits တွေလည်း အများကြီးပါ၊ လူအားလုံးဟာ သူ့ရွေးချယ်မှုနဲ့သူပါ၊ ဒါနဲ့ပဲ လူတစ်ယောက်ရဲ့ ပကတိဆိုတဲ့ ဘောင်ထဲ ပစ်ထည့်လိုက်လို့မရပါဘူး။ Bridget Jones ဆိုတဲ့ ရုပ်ရှင်ကြည့်ဖူးပါသလား။ မကြည့်ဖူးရင် ကြည့်ပါလို့ recommend ပေးပါတယ်။ Red ပြောချင်တာကို သဘောပေါက်ပါလိမ့်မယ်။
___________________________________
Q : ၁၀ နှစ်ကြီးများတောင် ထားခဲ့တယ်၊ ဘာလို့လဲ၊ နားမလည်ဘူး
A : Redသည် DISO ကို စရေးတည်းက Universe အလိုက်သွားဖို့ အစီစဉ်ရှိပါတယ်။ Prequel and sequel လိုမျိုးဇာတ်လမ်းတွေကို တစ်ခါတည်း planချထားပြီးသားမို့ Universe တစ်ခုရအောင် ရေးချင်တာပါ။
ဒါကြောင့် ဆိုလိုရင်းသည် ၁၀ လောက်ကို ခေါင်းထဲမထည့်နဲ့၊ ဘာဖြစ်လို့လဲဆိုတာကို တွေးနေရမယ့်သဘောပါပဲ။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
