(၃၄)

28.1K 3.7K 200
                                    

ရန်ကုန်သို့ပြန်ရောက်ပြီး ဆယ်နာရီအကြာ.....


Scorpionဂိုဏ်း....

မင်းဒသတစ်ယောက် မိမိ၏ သက်တောင့်သက်သာရှိလှသော အိပ်ယာထက်တွင် ပြန်နိုးလာခဲ့သည်။ ဟိုကြည့်သည်ကြည့် ခဏလုပ်နေပြီးမှ ဆတ်ခနဲကောက်ထမိတော့....

"အ့..."

သူ့ကို တစ်စုံတစ်ရာက ထခွင့်မပေးထား....အကြောင်းက လက်နှစ်ဖက်စလုံးကို ကုတင်ဘောင်နှင့်တွဲကာ လက်ထိပ်များဖြင့် ခတ်ထားသည်။ ခြေထောက်နှစ်ဖက်သည်လည်း ထိုနည်းအတိုင်းပင်....။

"ဘာလဲဟ.."

မင်းဒသတစ်ယောက် ကိုယ့်အခြေနေကို ပြန်ကြည့်ပြီး အံ့သြသွားသည်။

"ဟေး...ဘယ်သူရှိလဲ...လာကြဦး"

မင်းဒသအသံကြားသည်နှင့် ချက်ချင်းပင် ဦးဝမ်းနှင့် ကိုးတို့ဝင်လာသည်။

"နိုးလာပြီပေါ့...မြေး နေရတာ သက်သာလား"

"အဲ့တာကနေဦး...ကျွန်တော့်ကို ဘာလုပ်ထားတာလဲ"

မင်းဒသ၏ မေးခွန်းကို ပြန်ဖြေရန် အားလုံးက ဝန်လေးနေကြသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည့်ပုံစံများက အပျက်ပျက် အယွင်းယွင်းနှင့်...။ မင်းဒသ ထိုအခြေနေကြီးကို လုံးဝမကြိုက်တော့...။

"ကိုး...ငါ့ကို ဒါတွေလာဖြုတ်ပေး...ငါphဆက်ရမယ်...ငါ့ကောင်လေး ဘာမှမဖြစ်ဘူးဆိုတာ ငါသိချင်တယ်"

ကိုးသည် ဘာမှပြန်မပြော...ခေါင်းကိုသာ အသေငုံ့ထားသည်။

"ကိုး...မင်း နားကန်းနေတာလား...D လာစမ်း...လာဖြုတ်စမ်း"

Dသည်လည်း ထိုနည်းအတိုင်းပင်...။ တစ်ခုခုမူမမှန်တော့ဘူးဆိုတာ မင်းဒသ သိလိုက်သည်။ ထိုအချိန် သတိထားမိလိုက်သည်က မိမိအရှေ့တွင်ရပ်နေသည့် အုပ်စုထဲ၌ Kမပါ...။ သည်အချိန်ထိလောက်ဆိုလျှင်တော့ Kဒီမှာ ရှိသင့်နေပြီ။

"Kဘယ်မှာလဲ...အဲ့ကောင်က ဒီအချိန် ငါ့ရှေ့မှာရှိနေရမှာလေ..အဲ့ကောင်ဘယ်မှာလဲ...ငါမေးနေတယ်လေ...အ နေကြတာလား"

မင်းဒသ ဒေါသထွက်လာပြီဆိုတာ အားလုံးသိလိုက်သည်။ ခံစားမိလိုက်ကြသည်။ ထို့ကြောင့် ဦးဝမ်းကပင်စပြီး....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now