(၃၅)

36.3K 3.9K 443
                                        

မှတ်ချက်....ဤအပိုင်းတွင် ထည့်သွင်းရေးသားထားသည့် အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပါသည်။ စာ‌ရေးသူသည် မြန်မာနိုင်ငံတွင်နေသော လူဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ နေရာများကို ထည့်သွင်းရေးသားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤနေရာများရှိ မည်သည့်အကြောင်းအရာ၊ တစ်စုံတစ်ဦးကိုမှ ထိခိုက်စေလိုခြင်းမရှိဘဲ ဇာတ်လမ်းသဘောအရသာ ဖန်တီးရေးသားထားရခြင်း ဖြစ်ပါသည်။
-----------------------------------------------------------------

(....) Resortတွင်.....

မင်းဒသတစ်ယောက် သူပိုင်သည့် နားနေစခန်းတွင် လာနေဖြစ်သည်။ သည်မနက်ပိုင်းတွင်တော့ ရှိုင်းသွင်သဘောကျသည့် သမင်ကြီးများရှိရာသို့ လာကြည့်နေခြင်း ဖြစ်သည်။ နှစ်ယောက်အတူရှိခဲ့သည့် အချိန်များကို ပြန်တွေးမိနေရင်း ကျလာတော့မည့် မျက်ရည်များကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း တင်းခံထားမိသည်။

"ငါမင်းတို့ကို ဒီတစ်သက်မကြေဘူး ရာကူဇာတွေ"

မင်းဒသထင်ကြေးရှိနေသည်က ရှိုင်းသွင်နှင့်Kကို သတ်ခဲ့သူများသည် Harukichiဂိုဏ်းသားများဖြစ်သည်ဟုပင်...။ ထို့ကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံးအား သူ့လက်နှင့် ကိုယ်တိုင်အပြတ်ရှင်းရန် အားယူနေခြင်း ဖြစ်သည်။ အရင်ဆုံး သူရှင်းရမည့်အရာသည် မူးယဇ်ရာဇာ ခွန်နဝီကို ပြန်ကယ်ရဦးမည်။

"ဆရာ..."

မလှမ်းမကမ်းမှ စောင့်ကြည့်နေသော သက်တော်စောင့်တစ်ဦးက မင်းဒသအနားကို ရောက်လာသည်။ မင်းဒသ လှည့်ကြည့်တယ်ဆိုရုံလေး ခေါင်းစောင်းလိုက်တော့....

"ဆရာ့ကိုတွေ့ချင်တဲ့ ဧည့်သည်လာပါတယ်"

"ဘယ်သူလဲ"

"ဧကရီပါရှင်"

ဧကရီသည် ပြောပြောဆိုဆိုဖြင့် မင်းဒသအနားသို့ ရောက်လာသည်။ သက်တော်စောင့်မှ နှစ်ယောက်စလုံးကို ခေါင်းငုံ့အရိုသေပေးကာ ထွက်သွားသည်။ သို့မှ ဧကရီ့ကို မင်းဒသတစ်ယောက် ပြေးဖက်ရင်း....

"ငါနေရတာ အရမ်းခက်ခဲနေတယ်..."

"တို့လည်းကြားကြားချင်းအရမ်းshockရသွားခဲ့တာ...စိတ်မကောင်းဘူးလို့ပြောရုံကလွဲလို့ မတတ်နိုင်တာ sorryပါ မြွေပွေးရယ်"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now