(၄၉)

32.8K 3.9K 375
                                        

ဤကာလသည် သတင်းမီဒီယာများအုံကြွရာ ကာလဖြစ်ပေသည်။ ရှိုင်းသွင်၏ အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည့် စကားများသည် တစ်နိုင်ငံလုံးအတိုင်းတာအနေဖြင့် စိတ်ဝင်စားမှုအများဆုံး ရခဲ့သည်။

...."နိုင်ငံထဲမှာ နိုင်ငံရဲ့ ဆိုင်ရာပိုင်ရာတွေကိုက အခကြေးငွေပေး‌ပြီး လူမိုက်အုပ်စု သပ်သပ်ဖွဲ့ပေးထားတယ်ဆိုရင် အဲ့နိုင်ငံက တကယ်ပဲ ရာဇဝတ်မှုကင်းတဲ့နိုင်ငံဖြစ်နိုင်မလား တွေးကြည့်ကြပေါ့"....

ဦးမိုးယံသည် TVအား ပိတ်လိုက်ရင်း....

"သားကြီး အခု ဘာတွေလုပ်လိုက်လဲဆိုတာ ကိုယ့်ကိုယ်ကိုသိလား"

"အမှန်တရားတစ်ခုကို ရင်ဆိုင်လိုက်တာ"

"အင်း...အဲ့ဒါ အမှန်တရားဆိုတာ ဖေဖေသိတယ်...ဒါပေမယ့် သားနောက်ကို လိုက်လာတော့မယ့် အန္တရာယ်တွေကို သားမမြင်ဘူးမလား"

ရှိုင်းသွင်သည် ပြုံးလိုက်ကာ...

"သားကိုယုံပါ...ဘာတွေက အန္တရာယ်ဆိုတာ သားတကယ်သိပါတယ်"

"သား ဘာမှ နားမလည်သေးဘူး"

"ဒီအခြေနေတွေဖြစ်နေတာ...သား အဲ့ဂိုဏ်းထဲ ရောက်သွားခဲ့တာတောင် သားဘာမှ နားမလည်သေးဘူးလို့ ဖေဖေထင်နေတာလား"

"သားအဖနှစ်ယောက် ဘာကြောင့် အေးအေးဆေးဆေးထိုင်ပြီး စကားမပြောကြတာလဲ...ဖြစ်တာကဖြစ်ပြီးပြီလေ...စိတ်လျော့ကြပါ"

ဒေါ်သက်ထားသွင်သည် ဦးမိုးယံနှင့် ရှိုင်းသွင်ကြားထဲတွင် ဖြန်ဖြေရသေးသည်။ တရားရုံးမှ ပြန်လာတည်းက မီဒီယာသမားများသည် တောက်လျှောက်လိုက်လာသည့်အပြင် အိမ်ရှေ့မှာလည်း စောင့်နေသောကြောင့် ရဲများ အတော်ရှင်းယူလိုက်ရသေးသည်။ ယခုအချိန်ထိလည်း အိမ်ရှေ့၌ ကင်းစောင့်များ ရှိသည်။ နောက်...သည်သားအဖနှစ်ယောက် အိမ်ပြန်လာတည်းက မတ်တပ်ရပ် မျက်နှာချင်းဆိုင်နေကြတာ ကြာနေပြီဖြစ်သည်။

ထိုစဉ် အိမ်ထဲသို့ မင်းဓနဝင်လာခဲ့သည်။ မင်းဓနနှင့်အတူ နောက်ထပ်စုံထောက် နှစ်ယောက်လည်း ပါသည်။

"အန်ကယ်...ရှိုင်းသွင်ကို ကျွန်တော်တို့ ခေါ်သွားရမယ်"

ဦးမိုးယံသည် ခေါင်းသာညိမ့်ပြသည်။ ရှိုင်းသွင်ကတော့ အေးဆေးတည်ငြိမ်စွာပင် မင်းဓနတို့ ခေါ်ရာနောက်သို့ လိုက်ပါသွားတော့သည်။ ဒေါ်သက်ထားသွင်သည် တအံ့တသြဖြင့်....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now