(၅၂)

29.4K 3.3K 97
                                        

ရှိုင်းသွင်တစ်ယောက် ခုံပေါ်တွင် လက်ပိုက်လျက် ခြေဆန့်ကာ ထိုင်နေရင်း ဦးမိုးယံအိပ်ပျော်နေသည်ကို ကြည့်နေမိသည်။

ဦးမိုးယံသည် ကံကောင်းသည်ပဲ ပြောရမလား။ ရင်ဘတ်သို့ တည့်တည့်မဟုတ်ဘဲ ရင်ညွှန့်နားသို့သာ ဖြတ်ဝင်သွားခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိခဲ့။ ယနေ့မနက်မှ သတိပြန်ရသော်လည်း ထူထူထောင်ထောင်ပင်...။ ရှိုင်းသွင်ကိုတောင် ပြန်စိုးရိမ်နေသေးသည်။

ယနေ့ နေ့လည် လူနာစောင့်တာဝန်ကို ရှိုင်းသွင်တစ်ယောက်တည်း တာဝန်ယူထားလိုက်ကာ ဒေါ်သက်ထားသွင်နှင့် ရှိုင်းယံကို အိမ်ပြန်လွှတ်လိုက်သည်။ ထိုသို့ လုပ်ရခြင်းကလည်း ရှိုင်းသွင်နှင့် ဦးမိုးယံကြားတွင် ပြောစရာစကားများရှိနေခြင်းကြောင့်ပင်....။

ဦးမိုးယံ သတိပြန်ရချိန်၌ ရှိုင်းသွင်အား စကားတစ်ခွန်းပြောခဲ့သည်။

(ဖေဖေသိရမယ့် အမှန်တရားတစ်ခုရှိနေလား သားကြီး)....တဲ့။

ထိုစကားအား ရှိုင်းသွင်ကြားပြီး စိတ်ထဲ၌ အပြန်ပြန်အလှန်လှန် ပြောစရာစကားများကို ပြန်လည်လေ့ကျင့်ခန်းဖွင့်နေမိသည်။

"သားကြီး..."

ကုတင်ဆီမှ ခေါ်သံကြားသောကြောင့် ရှိုင်းသွင်ကြည့်လိုက်မိသည်။ ဦးမိုးယံ နိုးလာပြီဖြစ်သည်။

"ဖေဖေ နိုးပြီပေါ့...ရေသောက်ချင်လား ဖေဖေ"

"အင်း...နည်းနည်းပေါ့...ဖေဖေ့ကို ထိုင်ဖို့ ထူပေးပါဦး"

ရှိုင်းသွင်သည် ဦးမိုးယံကို ကူညီကာ ထထိုင်စေလိုက်ပြီး ကျောအနောက်ဘက်တွင် ခေါင်းအုံးခုကာ ခံပေးထားလိုက်သည်။ ထို့နောက် ပိုက်တပ်ထားသည့် ရေခွက်ကိုယူကာ ရေတိုက်ပေးပြီးကာမှ အနားတွင် ထိုင်လိုက်သည်။

အဖေနှင့်သားသည် စက္ကန့်အနည်းငယ်လောက် ခေတ္တစိုက်ကြည့်နေကြသေးသည်။ သို့နောက်တွင်မှ....

"ဖေဖေ...သားကို ပြောချင်တဲ့စကားရှိနေလားဟင်"

"သားမှာ စိတ်ညစ်စရာတွေရှိနေတာလား"

ဦးမိုးယံသည် မဆိုင်းမတွပင် မေးခွန်းထုတ်လာသည်။ ရှိုင်းသွင်ကတော့ ခေါင်းခါလျက်သာ မေးခွန်းကို တုန့်ပြန်၏ ။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now