(၁၃)

60.2K 5.7K 345
                                        

မိမိကားလေးပြန်ရပြီဖြစ်၍ ကျောင်းသို့လာရသည်မှာ ရွှင်ရွှင်လန်းလန်းပင် ဖြစ်နေသည်။ နောက်ပြီး အရင်နေ့ရက်တွေနဲ့ မတူတော့သည်က ရည်းစားလေးတစ်ယောက်လည်း ရခဲ့ပြီလေ။

ရှိုင်းသွင် တက်ကြွစွာဖြင့် လွယ်အိတ်လေးလွယ်ကာ တစ်ဖက်ကလည်း ဂစ်တာအိတ်ကိုင်လျက် ကားပေါ်မှ ဆင်းလာသည်။

"အဟမ်း"

ရှိုင်းသွင်တစ်ယောက် သူ့အနောက်မှ ချောင်းဟန့်သံကြားလိုက်သောကြောင့် လှည့်ကြည့်မိတော့ မင်းဒသ ဖြစ်နေသည်။ သူက ပြုံးပြသော်လည်း ဟိုက တည်တည်ကြီးပင်...

"ငါ့ကို မတွေ့ဘူးမလား"

"အင်း...မင်း ငါ့အနောက်ရောက်နေတာတောင် ချောင်းဟန့်လိုက်မှ သိတာကို"

မင်းဒသခေါင်းညိမ့်လိုက်ပြီး...

"ကူသယ်ဖို့ လိုသေးလား"

"ရတယ်...နောက်ပြီး မင်းနဲ့ငါက ကျောင်းရောက်ရင် တည့်လို့မရဘူးလေ...sorry...ငါ..."

စကားတောင်ဆုံးအောင်ပြောခွင့်မပေး....

"Ok...မင်းသဘော...ဒါဆို ငါသွားနှင့်ပြီ"

မျက်နှာကို တစ်ချက်တောင်မကြည့်ဘဲ ထွက်သွားသော မင်းဒသကို ရှိုင်းသွင် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာသည်။

"ဟေ့ကောင် ရှိုင်း"

မိမိကိုယ်အနောက်မှ ခုန်အုပ်ပြီး ဖက်လိုက်သော စည်သူ့ကြောင့် လန့်သွားမိသည်။

"လန့်လိုက်တာကွာ"

"Sorry...sorry...ဒါနဲ့ငါမင်းကိုမေးဦးမယ်...ကျော်ကြီးနဲ့ အရိပ်မ သတ်ပြန်ပြီနော်"

"အေး...ငါလည်းသိတယ်...ငါလည်း ကျော်ကြီးကို အားနာမိတယ်"

"မဟုတ်ပါဘူးကွာ...မင်းကြောင့်လည်း သူတို့ရန်ဖြစ်တာမဟုတ်ပါဘူး...သိတဲ့အတိုင်း RSတွေက ကိုက်နေကြပဲလေ...ဟီးဟီး"

"ကြားရင် နှစ်ကောင်လုံး လာလုပ်နေဦးမယ်"

မိမိနှင့် စည်သူ ကျောင်းထဲသို့ ဝင်လာတော့ မင်းဒသက ဧကရီနှင့် စကားပြောနေသည်။ သူတို့ဘာပြောနေကြသည်ကို ကျွန်တော်သိနေပေမယ့် စည်သူကတော့....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now