၂၄နာရီကြာပြီးသည့်နောက်.....
အရေးပေါ်ခန်းတွင် ရှိနေသော မင်းဒသ၏ ကုတင်ဘေးတွင် ရှိုင်းသွင်တစ်ယောက် ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်နေရှာလေသည်။ ဤသည်ကို မလှုပ်မယှက်ဘဲ ကြည့်နေသူက မင်းဒသ...လွန်ခဲ့သည့် ငါးမိနစ်လောက်တည်းက သတိရနေပြီဖြစ်သည်။ ရှိုင်းသွင်အိပ်ပျော်နေသည်ကိုတွေ့၍ ငြိမ်ပြီး ကြည့်နေခြင်းဖြစ်သည်။
ထိုစဉ် ဆရာဝန်ကြီးနှင့် nurseတစ်ယောက် အရေးပေါ်လူနာများကို ကြည့်ရန် ရောက်လာသောကြောင့် ရှိုင်းသွင်နိုးသွားရသည်။ ယခုအချိန်ထိ မင်းဒသ သတိရနေသည်ကို မသိသေး...ဆရာဝန်နှင့် nurseဆီသာ အာရုံရောက်လျက် အကြည့်က သူတို့ဆီမှာသာ ရှိနေသည်။
"ဟာ...သတိရနေပြီလား"
ဆရာဝန်ကြီး၏ ပြုံးရွှင်စွာမေးသည့်အမေးကြောင့် ရှိုင်းသွင်လန့်ပြီး ကြည့်ကာမှ မင်းဒသက သူ့ကိုပြုံး၍ ကြည့်နေသည်။
"အယ်...သတိရနေတာကို မသိလိုက်ပါလား"
ထို့နောက် မင်းဒသက ဆေးသွင်းထားရသော လက်အား ရှိုင်းသွင်ထံ ကမ်းလာသောကြောင့် ရှိုင်းသွင် ထိုလက်ကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။ ဆရာဝန်ကြီးသည် ဤမြင်ကွင်းအားကြည့်ပြီး ပြုံးလိုက်ကာ....
"နေရတာ အဆင်ပြေရဲ့လား...စိတ်ထဲ ဘယ်လိုခံစားရလဲ"
"နေရတာ...အရမ်းကောင်းတယ်...အသစ်လိုပဲ"
"အိုး...တကယ်လား...အသက်ရှူ ရတာကရော"(Dr.)
"ရင်ဘတ်မအောင့်တော့ဘူး...အသက်ဝဝလည်း ပြန်ရှူ နိုင်သလိုပဲ"
မင်းဒသ၏ အဖြေများကိုကြားပြီး ဆရာဝန်ကြီးနှင့် nurseတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးရွှင်သွားကြသည်။ နောက်...ဤအခြေနေမျိုးသည် မြင်တွေ့ရခဲသည်။ လူနာသည် ၂၄နာရီအတွင်း သတိပြန်ရလာကာ လူကောင်းတစ်ယောက်လို ဖြစ်နေပါသည်ဟု ပြန်ပြောနိုင်ရုံတင်မက သွေးခုန်နှုန်းကြည့်မလား...ပုံမှန်ပင်...။
"ဒါဖြင့် သားကတော့ ဆေးရုံကနေ ကပြီးပြန်နိုင်ပြီထင်တယ်"
ဆရာဝန်ကြီးက ဝမ်းသာအားရဖြင့် စနောက်လိုက်လေသည်။

YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Type_Mafia BL fiction Mature mood on! Cover Art_Kaori Warning : Do not copy the novel .......................................................................