"ရှိုင်းသွင်..."
မင်းဒသသည် အရေးပေါ်ခန်းနား၌ သမီးလေးနှင့်အတူ ခြေကုန်လက်ပမ်းကျကာ ထိုင်နေသည့် ရှိုင်းသွင်အနားသို့ ရောက်လာသည်။ ကိုးနှင့် Kတို့လည်း အတူပါလာကြသည်။
မင်းဒသက ရှိုင်းသွင်ဘေး၌ ဝင်ထိုင်လိုက်ကာ ရှိုင်းသွင်ရင်ခွင်ထဲ၌ အိပ်ပျော်နေသည့် သံလွင်ရှိုင်းလေးကို ကြည့်ရင်း....
"သမီးငိုသေးလား"
"အင်း...ကြောက်လို့တော့ မဟုတ်ဘူး...သူ့ တီတီနဲ့ ဦးဦးကို စိတ်ပူသွားတာဖြစ်မယ်...အခုလေးတင် အိပ်ပျော်သွားတာ...သူအတော်ပင်ပန်းသွားပြီ"
ရှိုင်းသွင်က ထိုသို့ပြောပြီး သံလွင်ရှိုင်း၏ ခေါင်းလေးအား ငုံ့နမ်းလိုက်သည်။ မင်းဒသကတော့ ရှိုင်းသွင်ပုခုံးအား ဖက်လိုက်ရင်း...
"ငါတောင်းပန်ပါတယ်..."
ထိုစကားအားကြားတော့ ရှိုင်းသွင်သည် သက်ပြင်းချလိုက်ကာ....
"သမီးက မင်းနဲ့တစ်ပုံစံတည်းပဲ...သတ္တိအရမ်းရှိတယ်...အဲ့ဒါကကောင်းပေမယ့် ငါမုန်းတယ်"
ရှိုင်းသွင်က မင်းဒသ၏ ပုခုံးပေါ် ခေါင်းပြန်မှီလိုက်သည်။ မင်းဒသက ရှိုင်းသွင်ခေါင်းလေးအား နမ်းလိုက်ရင်း....
"ကြံ့နဲ့ဧကရီတို့အခြေနေက..."
"ဧကရီက အခန်းထဲမှာ...စိတ်သိပ်မပူရပေမယ့် အစ်ကိုကြံ့က အရေးပေါ်ခန်းထဲမှာပဲရှိသေးတယ်...အစောပိုင်းကတော့ အရမ်းတွေ စိတ်မပူကြပါနဲ့လို့ လာသတိပေးသွားပေမယ့် အချိန်ကကြာနေပြီ"
"အဆင်ပြေမှာပါ...."
ထိုစဉ် သံလွင်ရှိုင်းသည် မျက်လုံးဆတ်ခနဲ ပွင့်လာကာ မင်းဒသအားကြည့်ရင်း....
"ဒယ်ဒီ...သူ့လက်တွေကို နာအောင်ရိုက်ပစ်ခဲ့လား"
သံလွင်ရှိုင်း၏ အသံဆာဆာလေးကြောင့် ကိုးတို့ကပါ အာရုံစိုက်လာကြသည်။ သံလွင်ရှိုင်းလေးက ရှိုင်းသွင်ပေါ်မှ မင်းဒသဆီသို့ တွယ်ဖက်တက်တော့သည်။ မင်းဒသသည် သံလွင်ရှိုင်းကို ဖက်ထားလိုက်ရင်း....
"သမီးက ဘာကိုပြောတာလဲ"
"ဒယ်ဒီပဲပြောတယ်လေ...မီးမီးကိုထိရင် ဓားနဲ့ထိုးပစ်ဆိုတာ...အဲ့လူကြီးက မီးမီးရဲ့ ဒီနေရာကို လာထိတယ်..."
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
