(၂၃)

44.5K 4.4K 179
                                        

"ကျစ်..."

မင်းဒသတစ်ယောက် ကိုယ့်ဒေါသနှင့်ကိုယ် ရေချိုးပြီးနောက် ဒဏ်ရာတွေကို ကိုယ့်ဘာသာဆေးထည့်နေရလေပြီ။ ရှိုင်းသွင်ကတော့ တစ်ဖက်ကုတင်ပေါ်တွင်ခွေခွေလေး လှဲနေသည်။ နှစ်ယောက်စလုံး ညစာထွက်မစားရသေး...။

မင်းဒသ၏ စိတ်အလိုမကျသည့်အသံကြားပြီး ရှိုင်းသွင်ကျောပေးအိပ်နေရာမှာ လှည့်ကြည့်မိသည်။ မင်းဒသကလည်း သူ့ကိုကျောပေးထိုင်နေသောကြောင့် ရှိုင်းသွင်လှည့်လာသည်ကို မသိ...။

မင်းဒသနောက်ကျောမှ scorpionတက်တူးသည် ရှိုင်းသွင်စိတ်ကို အတွေးများတစ်ဖန် ထပ်ဖြစ်လာစေသည်။

"အာ..ငါတော်တော်အသုံးမကျတာဘဲ"

တစ်ယောက်တည်း ပွစိပွစိရေရွတ်သံကြားတော့ ရှိုင်းသွင်မနေနိုင်ပါ...လှဲနေရာမှထကာ မင်းဒသဘေးသို့ သွားလိုက်သည်။

"Sorry...ငါ့ကြောင့်နိုးသွားပြီလား"

"ဟင့်အင်း...ငါကူညီပေးမယ်..."

ပေါင်ကဒဏ်ရာသည် ပတ်တီးတစ်ပိုင်းတစ်စ စည်းထားပြီးဖြစ်သည့်အတွက် အခြေနေကို မမြင်လိုက်ရသောကြောင့် ရှိုင်းသွင်ပေါ့ပေါ့ပါးပါးပင် ပတ်တီးကို အကျအနစည်းပေးလိုက်သည်။ ထို့နောက် ပုခုံးကို ဖျတ်ခနဲကြည့်မိချိန် ကြက်သေ သေသွားသည်။ ဓားထိုးဒဏ်ရာ ဒါမှမဟုတ် အခြားတစ်ခုခုကြောင့်ဆိုလျှင် ရှိုင်းသွင် သည်လောက်တုံးအမနေသောကြောင့် သိနိုင်သည်။ ယခုဟာက အပေါက်ကြီးဖြစ်နေတာ....။

_ဒါက...ဒါက...အရှိန်နဲ့ပစ်လိုက်လို့ ရှပ်ထိသွားတဲ့ပုံလိုမျိုး...ဘုရားရေ...ကျွန်တော်ထင်သလို ဖြစ်မနေပါစေနဲ့။

မင်းဒသ အစောပိုင်းလေးကမှ ပြောလိုက်သည့်စကားကိုတောင် ကြားယောင်သွားမိသည်..."သေနတ်ဒဏ်ရာတွေ"...ဆိုတာကို...။

"ရှိုင်းသွင်...."

"ဒသ...."

နှစ်ယောက်က နာမည်ပြိုင်တူ ခေါ်လိုက်ကြသလို ဖြစ်သွားသည်။ ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသည်။

"ငါတို့ ညစာသွားစားရတော့မယ်...ဆေးအမြန်ထည့်ပြီး သွားရအောင်"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now