(၂၂)

46.8K 4.3K 163
                                        

နေ့လည်နှင့် ညနေခင်းတို့၏ ကြားချိန်ဖြစ်သော နေ့လည်ခင်း ၃နာရီတွင် ပုသိမ်မြို့ထဲရှိ ချောင်းသာရွာသို့ ကျွန်တော်တို့ ရောက်လာကြသည်။ ကျောင်းမှ ကြိုတင်စီစဉ်ပြီးသားဖြစ်သည့် လမ်းမတန်းပေါ်ရှိ hotelအသေးစားလေးတွင် ကျွန်တော်တို့ နေရမည်ဖြစ်သည်။ ကျွန်တော်တို့ လူအုပ်နှင့်လည်း ထိုမကျဉ်းမကျယ် သုံးထပ်တိုက် ဟိုတယ်လေးသည် အနေတော်ပင်ဖြစ်သည်။

သို့သော် အနေတော်မကျနေသည်က မင်းဒသ...ဘယ်လိုများ အနေတော်မကျနေသလဲဆိုလျှင် တစ်ယောက်တည်းသီးသန့်နေချင်ပါသည်ဟု ဆိုကာ ကျွန်တော်တို့ အဖွဲ့၏ ဆရာမနှင့် ပြဿနာတက်နေသောကြောင့်....အခြားအဖွဲ့ကသူများလည်း ပြဿနာကို စိတ်ဝင်စားနေကြရင်း ဟိုတယ်အခန်းစီစဉ်ပေးရသည့်သူခမျာလည်း မတ်တပ်ရပ်ကြည့်နေရသည့်အဖြစ်...။

ကျွန်တော်တို့သည် မိသားစုအခန်းဆိုလျှင် လူခြောက်ယောက်ကျစီ...နှစ်ယောက်စာအခန်းဆိုလျှင် သုံးယောက်နှုန်းဖြင့် ယောကျ်ားလေး၊ မိန်းကလေး သက်သက်စီ ခွဲနေရမည်ဟု စီစဉ်ပြီးသားဖြစ်သည်။ ကျောင်းသား အယောက်တစ်ရာနီးပါးရှိသည့် လူအုပ်နှင့် ကွက်တိသေချာ တွက်ချက်ပြီးမှ စီစဉ်ထားသည်ဖြစ်သောကြောင့် မင်းဒသဆန္ဒကို မည်သည့်ဆရာ၊ ဆရာမမှ မလိုက်လျောနိုင်။

မင်းဒသဆိုသည်မှာလည်း သိတဲ့အတိုင်း ဒါမှဒါမလား။

"ကောင်လေး..ဒါက ကျောင်းprojectနော်...နောက်ပြီး မင်းတို့ဘွဲ့ယူဖို့ အဆုံးအဖြတ်ပေးမယ့် projectတွေထဲကတစ်ခု...ငါတို့ ဆရာ၊ ဆရာမတွေက ငတုံးတွေမဟုတ်ဘူး...မင်းတို့အတွက် သေချာစီစဉ်ထားရတာ...မင်းတစ်ယောက်တည်း ဒီလိုကွဲထွက်နေလို့မရဘူး...ငါတို့ မင်းတို့ကျောင်းသားတွေအတွက် နေရာတစ်နေရာတည်းဆန့်အောင် အတော်စဉ်းစားယူထားရတာ"

"ဒါဆိုလည်း နှစ်ယောက်စာတစ်ခန်းကို ကျွန်တော်နဲ့ နောက်တစ်ယောက်နေမယ်...သုံးယောက်တော့မနေနိုင်ဘူး...အဲ့လိုမှ သဘောမတူရင် ကျွန်တော့်ဘာသာ နေရာရှာနေလို့ရတယ်...အဆင်ပြေလား"

ထိုလက်ပေါက်ကပ်သော ကျောင်းသားကို ဆရာများ အတော်ပင် အမြင်ကပ်မိမှာ မလွဲဧကန်ပင်...ကျွန်တော်ကတော့ သူ့ကို ခရီးမှာ တစ်ခုခုမဖြစ်စေချင်...အခုလို ကတောက်ကဆတွေလည်း မဖြစ်စေချင်...သူ့အကျင့်ကို သိနေတာမို့ ကျွန်တော်ကနားလည်လို့ ရပေမယ့် သူများမျက်လုံးများထဲတွင်တော့ မင်းဒသဟာ ကန့်လန့်ကြီးဖြစ်နေပေလိမ့်မည်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now