(၄၆)

31.7K 3.8K 229
                                        

မနက်ပိုင်းတွင် မိသားစုစုံစုံညီညီ မနက်စာစားလို့ရသည့်အချိန်သို့ ရှိုင်းသွင်ဆီ ပြန်ရောက်လာခဲ့သည်။ ဒေါ်သက်ထားသွင်ကတော့ ဘယ်လောက်ပျော်နေသည်မသိ...ရှိုင်းသွင်ဘေးတွင်ထိုင်ပြီး ပါးကိုနမ်းလိုက် ခေါင်းကိုနမ်းလိုက်နှင့် အတော်ကြာနေပြီဖြစ်သည်။

"မေ့သားလေးက ပိန်ကျသွားတာ...သား အစားကောင်းကောင်းစားရမယ်...မေမေ ဒီရက်ပိုင်း companyမသွားသေးဘူး...သားနဲ့ အချိန်တွေဖြုန်းပစ်မယ်...သားကြိုက်တာတွေ မေမေချက်ကျွေးမယ်..."

"ဒါပေါ့ မေမေ့ကို အရမ်းလွမ်းနေတာကို...မေမေချက်ကျွေးတာတွေစားပြီး အနားယူရမှာပေါ့...ဒါပေမယ့် မေမေရယ်...သား ကျောင်းကတော့ ပြန်တက်ရမယ်...သားက ဒီနှစ်နောက်ဆုံးနှစ်လေ...သားတစ်နှစ်နောက်မကျချင်ဘူး"

ရှိုင်းသွင်သည် အမေရင်ခွင်ထဲတိုးဝင်ရင်း ချွဲသလိုလိုနှင့် လမ်းကြောင်းရှာရသည်။ တကယ်တမ်း အောင်မည်ကျမည်မပြောနှင့် ကျောင်းတောင်သွားချင်တော့တာ မဟုတ်...။

"သားကို ဒီရက်ပိုင်းတွေအတွင်းတော့ မသွားစေချင်သေးဘူး...သွားချင်ရင် နောက်အပတ်လောက်မှ သွား...ဘာလို့ဆို ဖေဖေက သားအမှုကိုတင်ထားတာတွေကို ပြန်ဖျက်ချရဦးမယ်...သားပါ တရားရုံးကို ဒီရက်ပိုင်း လိုက်ရလိမ့်မယ်"

ဦးမိုးယံစကားကြားပြီး ရှိုင်းသွင်စိတ်ပျက်သွားသည်။ သို့သော်လည်း သူ့အဖေပြောတာလည်း မှန်ပါသည်။ တစ်ဖက်ကလည်း မင်းဒသကို ထားခဲ့ရတာ စိတ်မကောင်း...။

"ဟုတ်ကဲ့ ဖေဖေ...ဖေဖေပြောသလိုပါပဲ...ဒါဆို သားကို ကျောင်းပြန်တက်ဖို့ ထောက်ခံစာဖြစ်ဖြစ် လိုအပ်တာတွေ ဖေဖေပြန်လုပ်ပေးပါဦးနော်"

"ဒါပေါ့...ဖေဖေအားလုံးပြန်လုပ်ပေးမယ်"

အားလုံးကြားထဲတွင် စကားမပြောဘဲ ရှိုင်းသွင်ကိုသာ မျက်လုံးအပြူးသားဖြင့် ထိုင်ကြည့်နေသည့် ရှိုင်းယံ ရှိနေသေးသည်။ ဒေါ်သက်ထားသွင်သည် ရှိုင်းယံပါးကို ဆွဲလိုက်ရင်း....

"သားငယ်...သားကိုကြီးက တကယ်အစစ်ပါသားရယ်...မနက်စာမြန်မြန်စား....သားကျောင်းသွားရဦးမှာ"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now