(၁၅)

56K 5.3K 109
                                        

ရှိုင်းသွင်တစ်ယောက် သမင်တွေကိုကြည့်ပြီး ပျော်ရွှင်နေလေရဲ့....။ မင်းဒသပြောထားသော နေရာအတိအကျသို့ ကားမောင်းသမားတဖြစ်လဲ သက်တော်စောင့်က ရှိုင်းသွင်ကို လိုက်ပို့ပေးရသည်။ အခုလည်း ရှိုင်းသွင်ဘေးတွင် ထပ်ကြပ်မကွာလိုက်နေသည်။

ကြိုးဝိုင်းထဲတွင် စုစုပေါင်း သမင်ကြီးမျိုးနွယ် ၁၀ကောင်တိတိရှိသည်။ လူကလည်း ယဉ်ပါးလွန်းလှသည်။ ရှိုင်းသွင်ကို ခေါင်းဝှေ့ပြီး လာကြိုကြသည်။ သူတို့၏ ကြီးမားလှသော ဂျိုများကို ရှောင်ရသေးသည်။ ခေါင်းလေးများကို ပွတ်သပ်ပေးတော့ သဘောကျဟန် မြည်တွန်သံပေးသည်။

"သူတို့ကို အစာကျွေးလို့မရဘူးလား"

မိမိဘေးတွင် လက်နှစ်ဖက် အနောက်ပစ်ကာ သတိအနေထားဖြင့် မတ်တပ်ရပ်နေသော ကားမောင်းသူကို မေးခွန်းထုတ်မိ၏ ။

"ဟုတ်...ဆရာက ဧည့်သည်တွေကို အစာကျွေးခွင့်တားမြစ်ထားပါတယ်။ ကျွန်တော်တို့ မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ညတစ်ကြိမ် အချိန်တိတိကျကျသတ်မှတ်ပြီး ကျွေးပေးရပါတယ်"

ရှိုင်းသွင် မျက်ခုံးပင့်လိုက်ရင်း....

"ဆရာဆိုတာ ဒသကို ပြောတာလား"

"ဟုတ်ပါတယ်...ဆရာက သိပ်စည်းကမ်းကြီးတာ၊ နောက်ပြီး သိပ်တော်တယ်၊ အသက်ငယ်ပေမယ့် အတွေ့ကြုံရင့်တဲ့ လူကြီးတစ်ယောက်လို အလုပ်လုပ်နိုင်တယ်"

ထိုစကားများကြားပြီး ကိုယ်တောင်သိမ်ငယ်မိသွားသည်။ လူတိုင်းကို အပေါ်ယံကြည့်ပြီး အထင်သေးလို့မရတာ သိပ်ကိုမှန်တဲ့စကားပဲ။ လူဆိုးလိုနေတဲ့ ကောလိပ်ချ် ကျောင်းသားတစ်ယောက်က ဒီလိုနေရာကြီးကို ပိုင်ဆိုင်ထားပြီး နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူက နှစ်ဘဝနေနေသလိုတောင် ခံစားရသည်။ စောစောကမြင်လိုက်ရသည့် သူ့ပုံစံသည် လုံးဝ လူကြီးဆန်သည်။ သူနှင့်လိုက်သည်။ ကျောင်းသားပုံစံနဲ့လား...လိုက်သေးတာပဲ...ဂျစ်ကန်ကန်ပုံစံက သူ့ကို ကျောင်းသားဆိုတာ ပိုပေါ်လွင်စေသလိုပဲ။

"သူ့ဆီကိုလာတဲ့ဧည့်သည်တွေက သိပ်ကို အရေးကြီးပုံပဲနော်"

"ဟုတ်တယ်...ဆရာက အမြဲတမ်း အရေးကြီးဧည့်သည်တွေနဲ့ တွေ့ရတယ်...ဒါပေမယ့် ရယ်စရာက သူကသာ အသက်က ငယ်တာ....သူ့ဧည့်သည်တွေဟာ ထိပ်စီးပိုင်းတွေချည်းပဲ...ဒါတောင် သူက သူတို့နဲ့ ရင်ဘောင်တန်းပြီး followလိုက်နိုင်တယ်"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now