"အ့...တကယ်ကို နာတာပဲ"
မင်းဒသတစ်ယောက် နေရောင်ခြည်နွေးနွေးက မိမိဗိုက်ပေါ်တည့်တည့်ကျချိန်မှ နိုးလာလေရဲ့....။ ရုတ်တရက် ယောင်ပြီး ဆတ်ခနဲ ကောက်ထိုင်လိုက်တာမို့ ပုခုံးက နာသွားရသည်။
ညကဆေးထည့်ပြီး အိပ်ဆေး၂လုံးသောက်အိပ်လိုက်တာမို့ လူကအတော်တော့ နေထိုင်လို့ကောင်းနေသည်။ အချိန်ကို ကြည့်မိတော့ နေ့လယ်တစ်နာရီပင်ရှိနေပြီ။ တစ်လက်စတည်း နာရီဘေးက phကိုပါ ကြည့်မိတော့ မီးစိမ်းလေးလင်းနေသည်။ ဆိုလိုတာ messageဝင်ထားသည်။
ထို့ကြောင့် ကိုယ်ကို အသာစောင်းကာ phဖွင့်ကြည့်တော့ မက်ဆေ့သုံးစောင်တိတိရောက်နေသည်...ဘယ်သူရှိမလဲ...ကိုယ့်ကောင်လေးဆီကပေါ့။ မင်းဒသ ပြုံးရင်း ဖွင့်ဖတ်မိသည်။
<<ပထမတစ်စောင်>>
ငါ့ကိုစိတ်ဆိုးသွားတာလား။ sorryပါကွာ...ဒီညက သောကြာနေ့ညဆိုတော့ ငါက အရိပ်နဲ့အတူရှိနေတာ။ တစ်မျိုးမထင်သွားနဲ့....ငါတို့က ငယ်ငယ်တည်းက သောကြာနေ့ဆို ငါတို့၂ယောက်အတွက် special dayလို့သတ်မှတ်ထားတာ...sat နဲ့ sunက ကျောင်းပိတ်တော့ ငါတို့သောကြာနေ့မှာ ငါတို့ကြိုက်တဲ့ အစားအသောက်တွေနဲ့ ရုပ်ရှင်တွေကြည့်လို့ရတယ်လေ...ဟဟ...အူကြောင်ကြောင်တော့နိုင်ပါတယ်...ဒါပေမယ့် ငယ်ငယ်တည်းက အဲ့လိုဆိုတော့ ငါတို့အကျင့်လိုဖြစ်နေတာ။ မင်းပျင်းနေလို့ ငါ့ဆီphဆက်မှန်းသိပါတယ်။ ငါကလည်း တကယ်ကို မင်းနဲ့စကားပြောချင်တာပါ...ဒါပေမယ့် ငါတကယ်အဆင်မပြေလို့လေကွာ...တကယ်တော့ မင်းဘာကိုစိတ်ဆိုးမှန်း ငါနားမလည်ပါဘူး...ဘာပဲဖြစ်ဖြစ် ငါ့ကိုစိတ်မဆိုးပါနဲ့။
၁၁နာရီ ၅၅မိနစ်
""""""""""""""""""""""""""""""""""""""""""""""""""
<<ဒုတိယတစ်စောင်>>
ငါ့ကိုစာမပြန်တော့ဘူးလား....အကယ်၍ မင်းစာပြန်မယ်ဆို ငါဂစ်တာတီးပြမလို့ကို...အခုချိန် အားလုံးအိပ်နေပြီလေ...ငါအားပြီ...နည်းနည်းတော့ အသံတိုးရမှာပေါ့...မိန်းမကြီးလို လုပ်မနေဘဲ စိတ်ဆိုးတာကို ရပ်လိုက်ပါတော့.. မင်းအခုစာပြန်မယ်ဆိုရင် ငါတကယ် ဂစ်တာတီးပြီး သီချင်းဆိုပြမှာနော်...ကတိ။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
