(၁၉)

49.3K 4.5K 104
                                        

ရှိုင်းသွင်လည်း Toiletထဲတွင် အတူရှိနေ၍ ရေအိမ်အခန်းထဲသို့ဝင်ကာ မင်းဒသတစ်ယောက် သူ့ဒဏ်ရာအခြေနေကို ကြည့်ရသည်။

တော်သေးသည်...ဆေးစည်းလာတာတွေက အဆင်ပြေနေသေးသည်။ ခြေထောက်ကတော့ ကြည့်လို့မရသည်မို့ ကြည့်မနေတော့ပဲ ခဏထိုင်နေမိသေးသည်။

သူ အခုလို အိမ်မက်တွေ မက်နေရတာ လုံးဝသဘောမကျ...အိမ်မက် မက်ပြီးတိုင်း အားနည်းလာသလို ခံစားရသည်။ ပျော့ညံ့ညံ့ပုံ ဖြစ်လာသည်။ ကြောက်လည်းကြောက်သည်။

မင်းဒသတွေးရင်း မျက်ရည်က ကျလာသေးသည်။

"Fuckပဲ...အသုံးမကျပြန်ဘူး"

တစ်ကိုယ်တည်းရေရွတ်ရင်း မျက်ရည်များကို ပြောင်အောင်သုတ်ပစ်ကာ အသက်ဝဝရှုသွင်းပြီးမှ အပြင်သို့ ပြန်ထွက်လာခဲ့သည်။ အပြင်မှာ ရှိုင်းသွင်က လွယ်အိတ်တစ်လုံးဖြင့် ဟိုကြည့် သည်ကြည့်လုပ်ကာ စောင့်နေသည်။

"ကောင်းသွားပြီလား"

"အင်း...ငါတကယ်...sorryပါကွာ"

"မလိုပါဘူးကွာ...မင်းတမင်လုပ်တာမှ မဟုတ်ဘဲ...မင်းအဆင်ပြေဖို့ပဲ အရေးကြီးပါတယ်...ဒါနဲ့ အိမ်မက်က ငါ့ကြောင့်လား"

"ဟမ်...ဘာလို့လဲ"

"ငါမင်းကို သရဲအကြောင်းစမိသွားတယ်လေ..."

"ဟား...မဟုတ်ပါဘူးကွာ...ငါ့ဘာသာ တောင်ရောက်မြောက်ရောက်တွေ မက်တာပါ"

မင်းဒသက ရှိုင်းသွင်ပုခုံးကိုဖက်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

"ဘာလုပ်ချင်သေးလဲ"

"ဟင့်အင်း...အိမ်ပဲ ပြန်ရအောင်...ငါ့အထင် မင်းအနားယူဖို့လိုအပ်တဲ့ပုံပေါ်နေတယ်"

"ငါ အရမ်းအားနည်းတဲ့ပုံပေါက်နေတာလား"

"အဲ့လိုသဘောမဟုတ်ဘူး...ငါ့စိတ်ထဲ ခံစားမိနေတာ...မင်းပင်ပန်းတဲ့ပုံပေါက်နေတယ်"

"ငါ့ကောင်လေးက ချစ်ဖို့အကောင်းဆုံးပဲ"

ရုတ်တရက်ကြီးအပြောခံလိုက်ရတာမို့ ရှိုင်းသွင်မျက်နှာပြုံးစိစိ ဖြစ်သွားသည်။

"ငါဆိုင်ကယ်သွားထုတ်လိုက်မယ်....အရှေ့မှာစောင့်နေနော်"

"အင်း..."

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now