(၄၂)

34.3K 4.3K 960
                                        

ဂျလောက်!!(တံခါးlockဖွင့်သံ)

မင်းဒသတစ်ယောက် မနက်၂နာရီထိုးကြီး ရှိုင်းသွင်နှင့်ရန်ဖြစ်ပြီးတည်းက မအိပ်ရသေး...။ မှေးခနဲ ဖြစ်သွားသော်လည်း ပြန်ပြန်နိုးလာသည်။ သေချာသည်က အိပ်မပျော်တာဖြစ်မည်။ မနက်ငါးနာရီခွဲအချိန်ရောက်သော် မနေနိုင်၍ တံခါးလာဖွင့်ကြည့်မိသည့်အခါ ရှိုင်းသွင်သည် တံခါးဘောင်ကိုမှီလျက်သား အိပ်ပျော်နေသည်။

မင်းဒသသည် ခေတ္တမျှ စိုက်ကြည့်နေမိပြီးနောက် ရှိုင်းသွင်ဘေးသို့ ကပ်ထိုင်လိုက်ကာ ရှိုင်းသွင်ပုခုံးပေါ်မှီလိုက်သည်။ မှီထားရင်း ရှိုင်းသွင်လက်တွေကိုကြည့်မိတော့ ခြင်ကိုက်ဖုများက နေရာယူထားကြသည်ကို တွေ့လိုက်သည်။

"ကျစ်.."

စိတ်အလိုမကျဖြစ်သွားကာ မင်းဒသထံမှ စုတ်သတ်သံတစ်ချက်ထွက်လာသည်။ ထိုအသံကြောင့်ပင် ရှိုင်းသွင်ဆတ်ခနဲ နိုးလာလေသည်။ နိုးနိုးချင်း ရှိုင်းသွင်ကြားလိုက်ရသည်က...

"ငါတောင်းပန်ပါတယ်..."

ရှိုင်းသွင် ဘာမှပြန်မပြောနိုင်...မင်းဒသကို ကြည့်မြဲအတိုင်းကြည့်နေသည်။ နောက်ပြီး မင်းဒသဆီမှ ဘီယာအနံ့လည်းထွက်နေသည်။

"ငါ မင်းနဲ့ပတ်သက်လာရင် စိတ်က အရမ်းထိန်းမရဖြစ်တတ်လို့ပါ...ငါ တောင်းပန်ပါတယ်"

ရှိုင်းသွင်ဆီမှ မည်သည့်စကားသံမှကို ပြန်မထွက်လာသောကြောင့် မင်းဒသစိတ်ပူလာသည်။

"ရှိုင်းသွင်...ငါ့ကို စကားပြန်ပြောပါဦးကွာ..."

မင်းဒသသည် စကားဆုံးသွားသည်နှင့် ကောက်ကာငင်ကာ ငိုတော့သည်။ ရှိုင်းသွင်တစ်ယောက် မင်းဒသကို နားမလည်နိုင်စွာကြည့်ရင်း လုပ်စရာတစ်ခုပဲ ရှိသည်မို့ အမြန်လှမ်းဖက်ထားပေးလိုက်ပါသည်။

"ငါတောင်းပန်ပါတယ်...ငါမရည်ရွယ်ပါဘူး...ငါ့ကို စကားပြောပါ..."

"မင်းအခု ငါစကားမပြောလို့ ငိုနေတာလား"

ရှိုင်းသွင်ရင်ခွင်ထဲမှနေ၍ မင်းဒသသည် ခေါင်းညိမ့်ပြပါသည်။ ရှိုင်းသွင် အနည်းငယ်တော့ ရယ်ချင်မိသွားသည်။ ထို့နောက် မင်းဒသကျောပြင်ကို အသာပွတ်သပ်ပေးရင်း...

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now