"ငါ့အိမ်တော်ဝန်းထဲမှာ ခွေးတွေလို လာကိုက်မနေနဲ့...သေနတ်တွေချလိုက်"
မယ်မယ်၏ အမိန့်အာဏာစက်သံကြားသည့်အခါမှ အခြေနေများသည် တည်ငြိမ်သွားတော့သည်။ ထို့နောက် မယ်မယ်သည် မင်းဒသနှင့် ရှိုင်းသွင်ကို စိုက်ကြည့်ကာ....
"မင်းဒသ...ရှိုင်းသွင်"
မိမိ၏ နာမည်အရင်းကို မယ်မယ်သိသွား၍ ရှိုင်းသွင်လန့်ဖြန့်သွားသည်။ ထိုအချိန် Kသည် ရေချိုးရုံမှ ထွက်လာပြီး သစ်ပင်အကွယ်တစ်နေရာမှ အခြေနေများကို သုံးသပ်နေမိသည်။ Kသိသည်...မင်းဒသသည် ရှိုင်းသွင်ကို တွေ့သွားပြီဆိုတည်းက အခြေနေများကို ထိန်းလို့ရတော့မှာ မဟုတ်...။
မယ်မယ်သည် စကားပြောရန်ပြင်လိုက်ကာ ရှေ့ဆက်တိုးလာသည်။ သို့သော် မင်းဒသကတော့ သေနတ်နှင့် မယ်မယ့်ခေါင်းကို ကောက်ချိန်သည်လေ...။
"ရှေ့တိုးမလာနဲ့..."
မင်းဒသ၏ ပြတ်သားသည့် စကားသံကို မယ်မယ်က ရယ်သည်။ မြွေပွေး၏ အစွမ်းအစများကို မယ်မယ်သိပါသည်လေ...။ အသက်၁၄နှစ်နှင့် မိဘများကို သတ်ခဲ့သည့် ဂိုဏ်းကို ခွင်းနိုင်ခဲ့သည့်ကောင်လေး...တော်ရုံစိတ်ဓာတ်နဲ့တော့မရ...။
မယ်မယ့်ကို သေနတ်ဖြင့်ချိန်တော့ နိုင်ငံရေးဂိုဏ်းသားများက မင်းဒသတစ်ယောက်တည်းကိုသာ ပစ်ရန် သေနတ်များဖြင့် ထပ်ချိန်ကြပြန်သည်။
"မင်းဒသ...မင်းရိုင်းလှချည်လား.... သေနတ်ကို ချထားလိုက်စမ်း"
ထိုစဉ် ဦးဝမ်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် မြေးဖြစ်သူကို ထအော်လေသည်။
"ဝင်မပါနဲ့...အဘိုးဘာလုပ်ထားတယ်ဆိုတာကိုသိရင် ဝင်မပါနဲ့"
မင်းဒသစကားကြောင့် ဦးဝမ်းဆက်ပြောရမည့်စကားများသည် တန့်သွားသည်။
"ဒီနေရာမှာ ရှင့်မြေးကို ပစ်သတ်လိုက်သင့်လား ဦးဝမ်း...ကျွန်မခေါင်းကိုတောင် သေနတ်နဲ့ ချိန်ရဲတဲ့သတ္တိက တော်ရုံလောက်နဲ့တော့ မရဘူးနော်"
တစ်ဖက်မှာ အခြေနေတွေက ပြင်းထန်နေချိန် ရှိုင်းသွင်သည် မင်းဒသအင်္ကျီစကို ဆွဲထားရင်း နှုတ်ခမ်းလှုပ်ရုံမျှ လေသံလေးနှင့်....
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
