(၂၁)

46.2K 4.8K 164
                                        

တနင်္လာနေ့မနက်....

ကျောင်းရှေ့ရပ်ထားသော အရောင်တူmini bus ဆယ်စီးပေါ်တွင် ကျောင်းသားများဖြင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အသက်ဝင်နေကြသည်။ ထိုထဲတွင် မပါသည်က ရှိုင်းသွင်...မနေ့ကတစ်နေ့လုံး အဖက်လုပ်ဖော်မရသည့် မင်းဒသကို စိတ်တိုရမှာလား...အခုချိန်ထိ ရောက်မလာသေးလို့ဘဲ စိတ်ပူရမှာလား မဝေခွဲတတ်တော့...။

"ဟေး...ရှိုင်း"

ဧကရီက မိမိထိုင်သည့် အရှေ့ခုံတွင် လာထိုင်သောကြောင့် နှုတ်ဆက်ဖြစ်သည်။

"ဟေး...ဧကရီ...ငါတို့အဖွဲ့ခေါင်းဆောင်မလား"

"ဟုတ်ပါတယ်ရှင်...လောလောဆယ် ငဆိုးငပေတေလေးတစ်ယောက်က မလာတော့ဘူးထင်ပါတယ်...ဒုက္ခပဲ...အဲ့တစ်ယောက်နဲ့တော့စိတ်ညစ်တယ်...ဆရာမကို ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး"

"မင်းဒသလား..."

"သူ့အပြင်ဘယ်သူရှိသေးလို့လဲ"

ရှိုင်းသွင်နှင့် ဧကရီကားပေါ်တွင် စကားပြောနေသည့်အချိန် မင်းဒသရောက်နေနှင့်ပါပြီ ။ခရီးဆောင်အိတ်တောင် ကားပေါ်ရောက်နေနှင့်လေပြီ။ ကားပေါ်မတက်ခင် အကွယ်တစ်နေရာမှာ ဆေးလိပ်သောက်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေရတာမို့ ဘာကိစ္စကိုမှ ဂရုမစိုက်နိုင်အား....သူကားပေါ်ကို တက်ရမယ်မလား။

"ကဲ...အားလုံးပဲ..."

ကားပေါ်တွင် ခရီးကိုဦးဆောင်ကာ လိုအပ်သည်များ လုပ်ပေးမည့် ဆရာမကတော့ လူလိုက်စစ်နေပြီ...။ ရှိုင်းသွင်လည်း တွေးလိုက်ပါသည်။

_သူမလာလောက်ဘူး...သူမလာတော့တာနေမှာ။

"မင်းဒသ ရောက်ပြီလား...မင်းဒသ..."

"အဲ...Tr...အဲ့ဒါကလေ မင်းဒသက မလိုက်ဖြစ်ဘူး"

ဧကရီက အဖွဲ့ခေါင်းဆောင်ဆိုတော့ အားလုံးကိုယ်စားထပြောပေးသည်။

"ဟာ..ဒီကောင်လေးက..."

"ကျွန်တော်ရောက်ပြီ"

အဲ့အသံကိုကြားလိုက်ရတာ တစ်ကားလုံး ငြိမ်ကျသွားသည်။ ရှိုင်းသွင်ခမျာ သူ့ရှေ့ဆရာမက ပိတ်နေသောကြောင့် မင်းဒသ အသံသာကြားပြီး လူကို မတွေ့ရသေးချေ ။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now