ခြံဝန်းထဲတွင် မိမိမြင်နေကျမဟုတ်သည့် ကားအနက်ရောင် သုံးစီးနှင့်တကွ ယူနီဖောင်းဝတ်ထားသည့် လူအချို့ပါ မြင်သောကြောင့် မင်းဒသသည် အခြေများကို အကဲခတ်ရင်း အိမ်ထဲသို့ဝင်လာခဲ့၏။
"သူတို့ကဘာလာလုပ်တာလဲ"
လက်အောက်ငယ်သား အချို့နှင့် စကားပြောနေသော Roseကို မေးငေါ့၍ မေးမိတော့....
"Youအဘိုး ဧည့်သည်တွေရောက်နေတာ...အရေးကြီးပုံပဲ"
"အခုဘယ်မှာလဲ"
"အစည်းဝေးခန်းမှာ...သွားမရှုပ်နဲ့...နှစ်နာရီအတွင်း ဘယ်သူမှ မလာဖို့ပြောထားတယ်"
မင်းဒသ မျက်မှောင်ကြုတ်လိုက်သည်။ အရင်က ဦးဝမ်းသည် ထိုကဲ့သို့မဟုတ်...အခြေနေအားလုံးကို နားလည်စေရန် မိမိ၏ ဂိုဏ်း၏ အမွေဆက်ခံမည့် မင်းဒသကို အမြဲအနားခေါ်တတ်သည်။ အခုက ဘာကိစ္စကြောင့် မခေါ်ရသလဲ ဟု တွေးမိလိုက်သည်။
"ကဲ...အလိုတော်မကျဖြစ်သွားတာလား you...လာပါဦး...ထိုင်ပြီး စကားပြောရအောင်"
Roseက မင်းဒသလက်ကို ဆွဲခေါ်ကာ ဧည့်ခန်းတွင် ထိုင်စေသည်။ သူကိုယ်တိုင်ကတော့ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်ရင်း စားပွဲခုံပေါ်၌ အသင့်ရှိနေသည့် ဝီစကီပုလင်းကို ယူကာ ခွက်၂ခွက်ထဲသို့ ငှဲ့လိုက်သည်။
"Youလက်က ဒဏ်ရာတွေက ဖြစ်ပြန်ပြီ...ဟိုတစ်ခါခြေထောက်...ဒီတစ်ခါလက်"
Roseက မင်းဒသဆီ ဝီစကီတစ်ခွက် ကမ်းပေးသည်။ မင်းဒသ ယူလိုက်ရင်း....
"အားလုံးအဆင်ပြေလာရဲ့လား...ထိခိုက်ဒဏ်ရာတွေရလာသေးလား"
"No...ကိုယ်က စကားနည်းနည်းပါးပါး ဝင်ပြောရုံပဲ...နဂါးဂိုဏ်းက ပြတ်သွားပြီဆိုတော့ အဲ့နယ်စပ်ဘက်က ကိုယ်တွေအပိုင်ဖြစ်သွားပြီ...အဲ့ဘက်က တာဝန်ရှိသူတွေကိုတော့ နည်းနည်းရောရတာပေါ့...ဒါပေမယ့် ထိုင်းနဲ့ တရုတ်ဘက်မှာ ကျန်နေသေးတဲ့ နဂါးဂိုဏ်းအဆက်တွေကတော့ ငြိမ်နေတယ်...အဲ့ဒါက သတိထားရမယ့်အထဲ ပါတယ်"
"အဘိုးကြီးသေသွားပြီလား"
"ခေါင်းကို တည့်တည့်ပဲ...ဒိုင်း!...သိတယ်မလား...သူ့သားကိုရှာပြီး သတ်လိုက်တဲ့ youက သိပ်ချီးကျူးစရာကောင်းတယ်...မိဘတွေဆိုတာ သားသမီးတွေသေရင် တောင့်ခံနိုင်ရိုးထုံးစံမရှိဘူးလေ"
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
