(၃၈.၁)+(၃၈.၂)

31.6K 3.8K 459
                                    


ဤအခန်းတွင်ပါဝင်သည့် အကြောင်းအရာများသည် ဇာတ်လမ်းသဘောသဘာဝအရ ယုတ်တိဆန်စွာ ရေးသားထားခြင်းဖြစ်ပါသည်။ ပြင်ပလောကမှ မည်သည့်အဖွဲ့အစည်း၊ တစ်စုံတစ်ဦးကိုမှ ထိခိုက်နစ်နာလိုစေခြင်းမရှိပါ။ ဇာတ်လမ်းအရ ဖတ်ရှူပေးပါရန် မေတ္တာရပ်ခံပါသည်။

စာရှည်ပါတယ်။ A/Nများပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းဒသသည် မိမိအိမ်ရှိ ကိုယ်ပိုင်အခန်းထဲတွင် ရှိနေသည်။ (......)သို့ ခရီးသွားရဦးမည်ဖြစ်၍ Resortသို့မပြန်ဘဲ အိမ်မှာနေဖြစ်သွားသည်။

ကုတင်ဘေးရှိ ဘီရိုအပုလေးဆီမှ အံဆွဲလေးကို ဖွင့်ကြည့်မိတော့ ထိုအထဲမှ ဆေးထုတ်လေးတစ်ထုတ် ထွက်လာသည်။ တိတိကျကျပြောရလျှင်တော့ ရှိုင်းသွင် မိမိကို ကျောင်းရှေ့တွင် ဒဏ်ရာများကို ဆေးထည့်ပေးချိန် အသုံးပြုခဲ့သည့် ဆေးထုတ်လေး...။

(A/N...အခန်း ၉.၁မှာလေ ရှိုင်းသွင်စိတ်တိုတိုနဲ့ အမှိုက်ပုံးထဲ ပစ်ထည့်သွားတဲ့ ဆေးထုတ်လေးကို မင်းဒသကောက်ထားတယ်လေ....တကယ်တော့ သူသိမ်းထားတာပါ)

"ငါ့နွေးထွေးမှုလေး..."

မျက်စိစပ်နားမှာ စတင်စိုစွတ်လာတဲ့ မျက်ရည်စကို လက်မနဲ့ လက်ညိုးသုံးကာ ဖိပွတ်လိုက်ပြီး ကုတင်ပေါ်ထိုင်ချမိလိုက်သည်။ ထို့နောက် စူးစူးနစ်နစ်အောင့်လာသည့် ရင်ဘတ်ကို လက်ဖြင့် ဖိထားမိရင်း အံကြိတ်ထားမိသည်။ ဒီရက်ပိုင်း ဒဏ်ဖြစ်ထားသည့် ရင်ဘတ်က ခဏခဏအောင့်တတ်သည်။ အထူးသဖြင့် ရှိုင်းသွင်အကြောင်းတွေးမိသည့်အခါမျိုးတွေ....။

"ဟက်...ဒီလိုနဲ့ပဲ သေသွားရင်လည်းကောင်းသားပဲ"

မင်းဒသတစ်ယောက် တယုတယဖြင့် ဆေးထုတ်လေးကို ကိုင်ထားကာ ခေါင်းငိုက်စိုက်သွားလျက် တအင့်အင့်ဖြင့် ငိုမိသည်။ ငိုလေ ရင်ဘတ်ကပိုအောင့်လေပင်...။

"မြွေပွေး..."

ကိုးသည် တံခါးမခေါက်ဘဲ အခန်းထဲသို့ ဗြုန်းစားရောက်ချလာရင်း မင်းဒသငိုနေသည်ကို တွေ့တော့....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now