(၁၀)

62.3K 5.9K 339
                                        

အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ မိုးပြာရောင်နှင့် အဖြူရောင်ဆေးသုတ်ထားသည့် အုတ်ဂူနှစ်လုံးသည် အတူယှဉ်တွဲကာဖြင့် ရှိနေပြီး ထိုအုတ်ဂူနှစ်လုံး၏ ခြေရင်းဖက်တွင် ဒူးထောက်ထိုင်ကြည့်နေသူက မင်းဒသ...။

အတိတ်အကြာင်းများဆီ ပြန်သွားနေရသည်မှာ မင်းဒသအတွက် မလွယ်ကူလှချေ....။ အတိတ်များအဖြစ် ကျန်နေခဲ့ပြီးဖြစ်သော်လည်း မင်းဒသအတွက် အရိပ်ဆိုးကြီးတစ်ခုလို အမြဲရှိနေခဲ့သည်။ အသက်ဆယ်နှစ်အရွယ်တည်းက မိဘနှစ်ပါးစလုံးကို ညတွင်းချင်းဆုံးရှုံးခဲ့ရပြီးနောက် မင်းဒသသည် အရာအားလုံးပြောင်းလဲခဲ့သည်။ သွေးအေးတတ်လာသည်.. ရက်စက်တတ်လာသည်...ဒေါသကြီးတတ်လာသည်။

ရုတ်တရက် ဘောင်းဘီအိတ်ထဲမှ ph vibrateကြောင့် မင်းဒသ အတွေးစတို့ပြတ်သွားရသည်။

(All Clear!)

နဂါးဂိုဏ်းကို အမြစ်ဖြတ်နိုင်ပြီဆိုတာကို မင်းဒသ နားလည်လိုက်သည်။ အုတ်ဂူနှစ်လုံးကို တစ်ချက်ပြန်ကြည့်ကာ သက်ပြင်းချရင်း မင်းဒသ ထိုနေရာမှ ထွက်လာခဲ့သည်။ မိမိအနောက်မှ အတူပါလာသည့် သက်တော်စောင့်များကို ပြန်ရန်အချက်ပေးလိုက်ပြီး မိမိကိုယ်တိုင် ဆိုင်ကယ်မောင်းကာ တစ်ကိုယ်တည်း ခြေဦးတည့်ရာ ထွက်လာခဲ့သည်။
.
.
.
.
"အရိပ်...လိုက်ခဲ့ဟာ..နော်လို့"

"မလိုက်ဘူး...ကိုယ့်ဘာသာ ကတိပေးလိုက်တာ ကိုယ့်ဘာသာ သွား...ငါ့ကိုကိုနဲ့ သွားတွေ့ရဦးမယ်"

"နင်ဟာလေ...အကျင့်ကို တစ်စက်မှ မကောင်းဘူး"

မနေ့ညက ရွန်းနှင့် မနက်စာအတူစားမည်ဟု လက်လွတ်စပယ်ပြောခဲ့မှုကြောင့် ရှိုင်းသွင် ငါးပါးမှောက်နေမိသည်။ ချစ်ရိပ်မေ မလိုက်သည့်အဆုံးတော့ ကိုယ့်ဘာသာ တစ်ကိုယ်တည်း ကန်တင်းဘက်သို့ ထွက်လာခဲ့ရတော့သည်။

"ရှိုင်း"

ထုံးစံအတိုင်းပင် ရွန်း၏ သွက်လက်ချက်ချာလှသော အသံက အရင်ထွက်လာသည်။ ရှိုင်းသွင်ရယ်ပြကာ ရွန်းရှိရာနေရာဆီ လျှောက်လာခဲ့သည်။ ရွန်းက ကော်ဖီနှစ်ခွက် ကြိုဝယ်ပေးထားသည်။ နောက်ပြီး စားပွဲခုံပေါ်မှာလည်း မုန့်ဘူးလေးတွေက နေရာယူပြီးသား...။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now