(၅)

66.8K 6K 270
                                        

အိမ်ရှေ့bellတီးသံကြောင့် ရှိုင်းသွင် ဆိုဖာပေါ် လှဲနေရာမှထကာ တံခါးသွားဖွင့်လိုက်သည်။

"ခွီး....ဟားဟား"

တံခါးဖွင့်လိုက်သည်နှင့် ချစ်ရိပ်မေ ပုံစံကိုကြည့်ကာ မရယ်ဘဲ မနေနိုင်တော့...။ ကလေးမဟုတ် သူငယ်မဟုတ် ဝတ်လာသည့် ညအိပ်ဝတ်စုံက Teddy Bearရုပ်....ခေါင်းစွပ်လေးပါ စွပ်ထားသေးတာ။

"အရိပ်...နင်ဘာတွေလုပ်လာတာလဲ...ဟားဟား"

"မရယ်နဲ့ဟဲ့...Dad Dadလိုက်ပို့တာနဲ့ပဲ အားကိုးရှိလို့ ဝတ်လာတာ...ဖယ်စမ်း"

ရှိုင်းသွင်ကို အတင်းတွန်းဖယ်ပြီး အိမ်ထဲသို့ ဝင်လာသော ချစ်ရိပ်မေ...။

"ဘယ်သူမှ မရှိကြဘူးလား"

အရိပ်က တစ်အိမ်လုံးကို ဟိုကြည့်ဒီကြည့်လုပ်ရင်းဖြင့် မေးသည်။

"အင်း...ငါ့အဖေက နေပြည်တော်သွားတယ်...ငါ့အမေကတော့ ထုံးစံအတိုင်း ညဆယ်နာရီပေါ့...ယံယံကတော့ မသိဘူး"

"အယ်...ယံယံက ဒီအချိန်အိမ်မှာ စာလုပ်နေရမှာလေ...ဘယ်တွေလျှောက်သွားနေတာတုန်း"

ရှိုင်းသွင် မသိဘူး ဆိုသည့်သဘောဖြင့် ပုခုံးနှစ်ဖက်တွန့်ပြသည်။

"ဟဲ့...ပြီးတော့ နင့်ကားကအရမ်းလှနေတယ်နော်"

"သြော်...အစထဲက မြင်ရဲ့သားနဲ့ ငါဘာဖြစ်လဲတောင် အရင်မမေးဘူး"

"မေးမလို့ပဲ...နင်က အလတ်ကြီးဖြစ်နေတော့...ငါ့ကိုပါ ရယ်လိုက်သေးတယ်လေ..အဲ့ကြောင့် အမြင်ကပ်လို့"

"သွား..ပြန်တော့...ဘာမှ လုပ်မကျွေးတော့ဘူး"

"မသိဘူး...ရှိတာစားမှာပဲ"

ထိုသို့ပြောပြီး ခုန်ပေါက်ကာဖြင့် မီးဖိုချောင်ထဲ ဝင်သွားသော ချစ်ရိပ်မေကို ကြည့်ကာရယ်မိသည်။ သူငယ်နာမစင်သေးတဲ့ သူလိုပဲ ...။

"ဟဲ့...နင် ငါ့chocolateဘူးကို မထိနဲ့နော်!"

အစားသောင်းကျန်းသည့် သူ့ပါးစပ်ထဲ ကျွန်တော့်ချောကလက်တွေ မပါစေရန် အော်ပြီးသတိပေးရသေးသည်။ ပြောလည်း ပါမည်ဆိုပေမယ့် မပြောလျှင် အကုန်ကုန်သွားနိုင်သည်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now